နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဂျင်တီးနားတွင် တောမီးများ လောင်ကျွမ်း

ဗျူနိုအေးရိစ် ဇန်နဝါရီ  ၂၀

အာဂျင်တီးနားနိုင်ငံ ဆန်တာဖီ ပြည်နယ်တွင် တောမီးများ လောင် ကျွမ်းနေပြီး နိုင်ငံ၏ နေရာအများစု တွင်လည်း မိုးခေါင်ရေရှားမှုများ ကြာမြင့်နေပြီဖြစ်ခြင်းကြောင့် သတိထားနေထိုင်ရန် ဒေသခံများကို အာဂျင် တီးနားအစိုးရက ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ တောမီးများကို ငြှိမ်းသတ်ပေးနေသည့် မီးသတ်သမားများ၏ ပြောကြားချက် အရ နေရာအနှံ့ တောမီးများလောင် ကျွမ်းနေသဖြင့် မိုးရွာမှသာ အခြေအနေ ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။

ဒေသခံ လယ်သမားတစ်ဦးကမူ တောမီးကြောင့် မြောက်မြားသော ပျက်စီးဆုံးရှုံးမှုများကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်ပြီး တောမီးလောင် ကျွမ်းမှုများကြောင့် ဒေသခံ လယ်သမား များအတွက် စိုက်ပျိုးချိန် နှင့် ရိတ်သိမ်း ချိန်များကို နှောင့်နှေးစေကြောင်း ဆို သည်။ 

အာဂျင်တီးနား  အမျိုးသား မိုးလေဝသဌာနကမူ ၂၀၂၂ ခု နှစ်ကုန်ပိုင်း တွင် အမြင့်ဆုံးအပူချိန် ၁၁၃ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာနိုင် ပြီး ပုံမှန်မဟုတ်သည့် အပူလှိုင်းဖြတ် မှုနှင့်အတူ သစ်တောဧရိယာများတွင်  တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နိုင် ကြောင်းကြိုတင်ခန့်မှန်းထားသည်။

(ref: BBC)






အခြားဆက်စပ်သတင်းများ