နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၄ ရွေးကောက်ပွဲ ဖေ့စ်ဘွတ်ခ်အကောင့်ပြန်လည်အသုံးပြုခွင့်ပေးရန် ထရမ့် တိုက်တွန်း

ဝါရှင်တန်  ဇန်နဝါရီ  ၂၀

သမ္မတဟောင်း ဒေါ်နယ်ထရမ့် သည် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်း ရုံးရေးကို အရှိန်မြှင့်ရန် ကြိုးပမ်း နေခြင်းကြောင့် ဖေ့စ်ဘွတ်ခ်၏ မိခင် ကုမ္ပဏီ Meta အား ယင်း၏ ဖေ့ဘွတ်ခ်အကောင့်ကို ပြန်လည် အသုံးပြုခွင့်ပေးရန် ဇန်နဝါရီ ၁၉ ရက်က တိုက်တွန်း ပြောကြား လိုက်သည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူအချို့က သမ္မတ ဂျိုး ဘိုင်ဒင်၏ အနိုင်ရရှိမှုအား တရားဝင် ထုတ်ပြန်ခြင်းကို တားဆီးရန်အတွက် အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံကို တိုက်ခိုက်ခဲ့သော ကြောင့် ထရမ့်သည် လွန်ခဲ့သည့် ၂နှစ် ကျော်ကတည်းက  ဖေ့စ်ဘွတ်ခ် အကောင့်ပိတ်ပင်ခံထားရခြင်းဖြစ် သည်။

ထရမ့်၏ အကြံပေးက ထိုသို့ ဖေ့စ်ဘွတ်ခ်အကောင့်ပိတ်ပင်ထား ခြင်းသည် ပြည်သူလူထုအား အကျယ် တဝင့် ဟောပြောမဲဆွယ်ရာတွင် သိသိသာသာ အဟန့်အတားဖြစ်စေ သောကြောင့် ပြန်လည် ရုပ်သိမ်းပေး သင့်ကြောင်း ပြောသည်။

Meta ကုမ္ပဏီဘက်ကမူ လာမည့် ရက်သတ္တပတ်များအတွင်း ဆုံးဖြတ် ချက်ကို ကြေညာသွားမည်ဟု ပြန် လည်တုံ့ပြန်ထားသည်။

ထရမ့်သည် ဖေ့စ်ဘွတ်ခ်တွင် ဖော်လိုဝါပေါင်း ၃၄ သန်းခန့် ရရှိထား သည့်အတွက် ဖေ့စ်ဘွတ်ခ်အကောင့်ကို ပြန်လည်ရရှိလိုကြောင်း ပြောသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ