နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Whats App ၏ ဒီဂျစ်တယ်ငွေပေးချေစနစ် ဘရာဇီးတွင်စတင်

ဇွန် ၁၆


Whats App သည် အိန္ဒိယတွင် Beta Version အနေဖြင့် ငွေပေးချေမှုစနစ်ကို စတင်စမ်းသပ်ခဲ့ပြီး ဘရာဇီးတွင် မိတ်ဆက်လိုက်သည့် ငွေပေးချေမှုသည် Facebook Pay နည်းပညာအသုံးပြုထားပြီး ငွေပေးချေမှုကို ဘရာဇီးမှ FinTech ကုမ္ပဏီတစ်ခုဖြစ်သည့် Cielo နှင့် လက်တွဲလုပ်ဆောင်ခြင်းဖြစ်သည်။ Whats  App ကုမ္ပဏီသည် ဒေသတွင်းကုန်သည်များနှင့် ဖောက်သည်များ ချိတ်ဆက်ပြီး စကားပြောဆိုနိုင်ရန်နှင့် လွယ်ကူစွာ ငွေလွှဲငွေချေနိုင်ရန်စီစဉ်ထားတယ်လို့ ဆိုပါတယ်။


သာမန်သုံးစွဲသူများအတွက် ကော်မရှင်ခပေးစရာ မလိုဘဲ သုံးနိုင်မှာ ဖြစ်ပြီး လုပ်ငန်းသုံးငွေချေမှုအတွက် ၃ ဒသမ ၉၉ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု Tech Crunch  သတင်းက ဖော်ပြထားသည်။ ငွေလွှဲပြောင်းမှု ပြုလုပ်ရန်အတွက် ဂဏန်း ၆ လုံးပါ PIN နံပါတ် သို့မဟုတ် လက်ဗွေတစ်ခု သုံးပြီး ပြုလုပ်နိုင်မည်ဖြစ်သည်။ Whats App ငွေပေးချေမှု ပြုရန်အတွက် မိမိ Whats App အကောင့်ကို Visa ၊ Mastercard Credit/Debit Card တစ်ခုခုဖြင့် ချိတ်ဆက်ပြီး အသုံးပြုရမည်။


WhatsApp အတွင်း ငွေပေးချေသည့် feature ကို ၂၀၁၈ ခုနှစ်က စတင်ခဲ့ပြီး အိန္ဒိယတွင် စတင်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ နှစ်ဆန်းပိုင်းတွင် Facebook CEO မတ်ခ်ဇူကာဘတ်မှ Whats App Pay ကို လာမယ့် ၆ လအတွင်း နိုင်ငံအများအပြားဆီ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

 

(WP)






အခြားဆက်စပ်သတင်းများ