နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်၊ ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ ပြည်သူတို့၏ နေ့စဉ် စားသုံးမှုဘဝ လူမှုဆောင်တာများတွင် ခေတ်မီစနစ်ကျနမှုများ လိုအပ်နေဆဲဖြစ်သည်။ မျက်မှောက်ကာလတွင် သတိပြုရမည့် အချက်များမှာ ဇီဝအန္တရာယ်ဟုဆိုသည့် အစားအသောက်များတွင် ပါဝင်သော ပိုးမွှားနှင့်အဆိပ်အန္တရာယ်ဖြစ်သည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများက စနစ်တကျသုတေသနပြုရှာဖွေစမ်းသပ်ဖော် ထုတ်ပြသနိုင်သဖြင့် ဆောင်ရန်၊ ရှောင်ရန်အချက်များရရှိခဲ့သည်။

လက်တွေ့ဘဝတွင် လူတို့အနေဖြင့် အလွယ်တကူနှင့်သက်သာ မှုကို ရှာဖွေစားသောက်တတ်မှုကြောင့် မဖြစ်သင့်၊ မဖြစ်ထိုက်သည့် ဘေးထွက်ဆိုးကျိုးများ လူတို့တွင် ရရှိခံစားနေကြရသည်လည်း အမှန်ပင်ဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်များက ဂျပန်နိုင်ငံတွင် ကြက်၊ ငှက် တုပ်ကွေးရောဂါကြောင့် ကြက်ခြံရှိ ကြက်များ များပြားစွာ သုတ်သင်ရှင်းလင်းခဲ့ရသည်ကို ဂျပန်နိုင်ငံက သတင်းများ ထုတ်ပြန် ထားသည်။ ကြက်၊  ငှက် တုပ်ကွေးရောဂါသည် ရောဂါဖြစ်ပွား နေသော ကြက်၊ငှက် ထွက်ပစ္စည်းများမှတစ်ဆင့် လူသို့ကူးစက် သေဆုံးနိုင်သောရောဂါဖြစ်သည်။

မြန်မာနိုင်ငံသို့  ကြက်၊ ငှက် တုပ်ကွေးရောဂါကူးစက်မလာစေ ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာနများက အသိပေးထုတ်ပြန်ထားသည်။ ဆောင်းခိုငှက်များနှင့် အိမ်မွေးကြက်၊ ငှက်၊ ဘဲ၊ ငုံးများ ဆက်စပ်ထိတွေ့မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန် ကြက်၊ ဘဲ၊ ငုံးစသည့် ကြက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊ ကြက်၊ ငှက်မွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ အရှင်ဈေးများတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်း၊ စနစ်တကျပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ ကြက်၊ ငှက်မွေးမြူရေးခြံအတွင်းဝင်ရောက်ပါက နှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင် ရန်၊ ကြက်၊ ငှက်များကိုင်တွယ်ပြီးတိုင်း၊ ကြက်ခြံမှထွက်သည့် အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်း၊  တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ခြင်းများဆောင်ရွက်ရန်၊ ကြက်၊ ငှက်၊ အသား၊ ဥ စသည်များ သေချာစွာ ချက်ပြုတ်စားသုံးရန်၊ ကြက်၊ ငှက်များ ပုံမှန်မဟုတ်သော ရုတ်တရက် သေဆုံးကြောင်း ကြားသိရပါက နီးစပ်ရာအုပ်ချုပ်ရေး အဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တို့ကို ချက်ချင်းသတင်းပို့ရန် လိုအပ်သည်။ 

ကြက်၊ ငှက် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါ စူးစမ်းရှာဖွေရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော် ရပေသည် ။       ။






အခြားဆက်စပ်သတင်းများ