နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နီပေါ လေယာဉ် ပျက်ကျ၊ လူ ၆၈ ဦး သေဆုံး

နီပေါ ဇန်နဝါရီ  ၁၆

နီပေါနိုင်ငံ ပိုခါရာမြို့တွင် ပြည်တွင်းလေကြောင်းလိုင်း လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် ခရီးသည် ၇၂ ဦးလိုက်ပါလာသည့် အနက် ၆၈ ဦး သေဆုံးကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၆ ရက် တွင် ကြေညာသည်။

ယခု လေယာဉ်ပျက်ကျမှုသည် ငါးနှစ်တာကာလအတွင်း အဆိုးရွား ဆုံးဖြစ်ပြီး မြို့တော် ခတ္တမန္ဒူမှ လူပေါင်း ၇၂ ဦးကို တင်ဆောင် လာသော Yeti လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျခြင်း ဖြစ်ကာ အဆိုပါတောင်ကုန်းကို ရာနှင့်ချီသော ကယ်ဆယ်ရေး သမားများက ရှာဖွေနေကြောင်း သိရသည်။

လေယာဉ်ပျက်ကျခြင်းသည် ရာသီဥတုနှင့် သက်ဆိုင်မှုမရှိဘဲပျက် ကျသည့် အရှိန်ကြောင့် လေယာဉ် မီးလောင်သွားသဖြင့်ပျက် ကျသည့် နေရာသို့ ကယ်ဆယ်ရေး သမားများ သွားရန် ခက်ခဲနေသည်ဟုလည်း ရဲ အရာရှိ တစ်ဦးက ပြောသည်။

လေယာဉ်သည် ပျက်ကျပြီးနောက် တောင်ပေါ်၌ တစ်ပိုင်းတင်နေပြီး ကျန်တစ်ပိုင်းသည် Seti မြစ်၏ ချောက်ကမ်းပါးဘက်သို့ ကျနေသဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်ရန် ခက်ခဲ နေသည်ဟုလည်း သိရသည်။


(ref :CNA)






အခြားဆက်စပ်သတင်းများ