နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှက်တာဒိုးနက် တောင်ပံကစားသမား မူဒရစ်ကို ချဲလ်ဆီးအသင်း ခေါ်ယူ

ရန်ကုန်  ဇန်နဝါရီ  ၁၆

အာဆင်နယ်အသင်းက ခေါ်ယူရန် ကာလရှည်ကြိုးပမ်းနေသည့် ရှက်တာ ဒိုးနက်အသင်းမှ ယူကရိန်းလက်ရွေးစင် တောင်ပံကစားသမား မူဒရစ်ကို ချဲလ်ဆီး အသင်းက ခေါ်ယူနိုင်ခဲ့ကြောင်း သိရ သည်။

ချဲလ်ဆီးအသင်းသည် အသက် ၂၂ နှစ်အရွယ်ရှိ တောင်ပံကစားသမား မူဒရစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ နှင့်အပိုဆုကြေး သန်း ၃၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ရှစ်နှစ်ခွဲစာချုပ် ချုပ်ဆို နိုင်ခဲ့ခြင်းဖြစ်သည်။

“ချဲလ်ဆီးအသင်းနဲ့ လက်မှတ်ထိုး ရတဲ့အတွက် ကျွန်တော်အရမ်းပျော်ရွှင် မိပါတယ်၊ ဒီအသင်းက အသင်းကြီး တစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်က အရမ်းကောင်းတဲ့လိဂ်ဖြစ်ပါတယ်၊ ကျွန်တော့်ရဲ့ကစားသမားဘဝအတွက် အရမ်းကိုဆွဲဆောင်မှုရှိတဲ့ စီမံကိန်း တစ်ခုလည်းသူတို့မှာရှိပါတယ်၊ အသင်း ဖော်အသစ်တွေနဲ့တွေ့ဆုံဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ နည်းပြပေါ်တာ လက်အောက်မှာ အသင်းကို ကူညီဖို့ ကြိုးစားသွားမှာပါ” ဟု မူဒရစ်က ပြော ကြားခဲ့သည်။

ချဲလ်ဆီးအသင်းကမူဒရစ်ကို တရားဝင်မိတ်ဆက်ခဲ့ပြီး ကစားသမား အနေဖြင့် ကျောနံပါတ် ၁၅ ဝတ်ဆင် ကစားမည်ဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ