နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီဂျစ်နိုင်ငံ ငွေကြေးတန်ဖိုး စံချိန်တင်ကျဆင်း

ကိုင်ရို၊ ဇန်နဝါရီ  ၁၅

ငွေကြေးဖောင်းပွမှု မြင့်တက်လာ ခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် အီဂျစ်နိုင်ငံတွင် တိုင်းပြည်၏ငွေကြေး တန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက စံချိန်တင် အနိမ့်ဆုံးအဆင့် အထိ ကျဆင်းလျက်ရှိကြောင်း သိရ သည်။

ပြီးခဲ့သည့် လများအတွင်း အဓိက အတိုးနှုန်းကိုမြှင့်တင်ပြီး အီဂျစ် ပေါင် တန်ဖိုးကို လျှော့ချခဲ့သည့် အီဂျစ် ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်များသည် ပြည်သူ သန်းပေါင်းများစွာကို ထိခိုက် စေသည့် စီးပွားရေးရိုက်ခတ်မှုကြီးတစ်ခု ဖြစ်ခဲ့သည်။

လက်ရှိတွင် ငွေကြေးဖောင်းပွမှု များကြောင့် စားသုံးသူများ၊ အထူးသ ဖြင့်  ဝင်ငွေနည်း   အိမ်ထောင်စုများ  အကြီးအကျယ်  ဒုက္ခရောက်နေပြီး တရားဝင်ကိန်းဂဏန်းများအရ အီဂျစ် နိုင်ငံသား ၃၀ ရာခိုင်နှုန်း နီးပါးသည် ဆင်းရဲတွင်းထဲ ရောက်နေပြီဖြစ်ကြောင်း ဆိုသည်။ 

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ကမူ ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် လုပ်ဆောင်ပြီးပါက အီဂျစ် နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့ပေးမည့် အစီအစဉ် ကို အတည်ပြုထားကြောင်း သိရသည်။

ရဲခေါင် (ref: Reuters)






အခြားဆက်စပ်သတင်းများ