နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Xiaomi Mi NoteBook Pro 15 (2020) ကို ကြေညာ

ဇွန်  ၁၆


Xiaomi က Mi NoteBook Pro 15 (2020) ကို ကြေညာလာပြီဖြစ်သည်။ Mi NoteBook Pro 15 (2020) မှာ ၁၅ ဒသမ ၆ လက်မ LCD Gorilla Glass 3 သုံးထားပြီး 1080p Resolution ထောက်ပံ့ထားကာ 300nits Brightness နှင့် 100% sRGB Color Space ပါဝင်သည်။ Full-Size Keyboard ပါဝင်ပြီး လက်ဗွေရာစနစ်လည်း ပါဝင်သည်။
Xiaomi Mi NoteBook Pro 15 (2020) မှာ 10th Gen Intel Processors များ သုံးလာပြီး အခြေခံဗားရှင်းမှာ i5-10210U သုံးထားကာ အဆင့်မြင့်ဗားရှင်းမှာ i7-10510U သုံးထားသည်။ နှစ်မျိုးစလုံးမှာ Nviida GeForce MX350 သုံးထားသည်။ MX350 က GTX 960M နှင့် စွမ်းဆောင်ရည်အတူတူဖြစ်ပြီး GTX 1050 ထက် အနည်းငယ်သာ နိမ့်သည်။


USB Type C ပေါက်နှစ်ခု၊ SD Card Reader ၊ USB A ပေါက်နှစ်ခု၊ HDMI ပေါက်တစ်ခု၊ နားကြပ်ပေါက်တို့ ပါဝင်ပြီး Wi-Fi 5(ac/2×2) နှင့် Bluetooth 5.0 ပါဝင်သည်။ လက်တော့ပ် မပူစေရန်အတွက် Dual Cooling Pipe ပါဝင်သည်။ အခြေခံဗားရှင်းမှာ 512GB NVMe SSD ပါဝင်ပြီး အဆင့်မြင့်ဗားရှင်းမှာ 1TB ပါဝင်ကာ 8GB RAM နှင့် 16GB RAM DDR4 2666 MHz အသီးသီး သုံးထားသည်။


ဘက်ထရီ 60Wh ပါဝင်ပြီး ဗီဒီယိုကြည့်မှုကို ၁၇ နာရီ ပြုလုပ်နိုင်မည်ဖြစ်သည်။ USB Type C မှ အားသွင်းရမည် ဖြစ်ပြီး မိနစ် ၄၀ အားသွင်းရုံဖြင့် ဘက်ထရီ ၅၀ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။ USB Type C ကိုသုံးကာ ဖုန်းကိုလည်း 18W ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။
Xiaomi Mi NoteBook Pro 15 (2020) ကို ဈေးနှုန်းအနေဖြင့် i5 (8GB/512GB) ကို ဒေါ်လာ ၈၅၀ နှင့် i7 (16GB/1TB) ကို ဒေါ်လာ ၁၀၀၀ သတ်မှတ်ထားသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ