နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနအနေဖြင့် ပြည်သူများ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများကို 16-6-2020 ရက်နေ့မှစ၍ ပြန်လည်ဆောရွက်

ရန်ကုန်  ဇွန်လ  ၁၆ ရက်


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနအနေဖြင့် ပြည်သူများ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုများကို ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ OSS ခန်းမ၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာမှ မြန်မာပြည် တစ်ဝှမ်းလုံး၌ Coronavirus Disease 2019 (COVID-19) ရောဂါသည် စောင့်ကြပ်ကြည့်ရှုမှု အခြေအနေတွင် ဖြစ်ပေါ်လာပါသဖြင့် ရန်ကုန်မြို့တော်နေပြည်သူများ၏ တကိုယ်ရည်ကျန်းမာရေး စောင့်ရှောက်မှုနှင့် COVID-19 ရောဂါကို ကြိုတင်ကာကွယ်ဟန့်တားနိုင်ရန်အတွက် ၂၅-၃-၂၀၂၀ ရက်နေ့မှစပြီး မိမိတို့၏ နေအိမ်များမှ လည်းကောင်း၊ နီးစပ်ရာမှလည်းကောင်း၊ Online စနစ်ဖြင့်လည်းကောင်း နေ့စဉ် ရုံးချိန် အတွင်း လျှောက်ထားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။


ယခုအခါ COVID-19 ရောဂါကို ပြည်သူများ စနစ်တကျ နေထိုင်မှု၊ လိုအပ်သော ကျန်းမာရေးသုံး mask နှင့် လက်အိတ်များကို တပ်ဆင်၍ မိမိကိုယ်တိုင် ကျန်းမာရေးကို ကြိုတင်ကာကွယ်နိုင်မှုနှင့် ပြည်သူတို့၏ စည်းကမ်းရှိမှုတို့ကြောင့် ၁၆-၆-၂၀၂၀ ရက်နေ့မှစ၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ရန်ကုန်မြို့တော်ခန်းမရှိ OSS ခန်းမတွင် မြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် နေ့အလိုက် မြို့နယ်များခွဲခြားဆောင်ရွက်မည်ဖြစ်ရာ အပတ်စဉ် တနင်္လာနေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့ကို လည်းကောင်း၊ အပတ်စဉ်အင်္ဂါနေ့တွင် ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် လသာမြို့နယ်တို့ကို လည်းကောင်း၊ အပတ်စဉ်ဗုဒ္ဓဟူးနေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ သာကေတမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သန်လျင်-ကျောက်တန်း(သီလဝါ)တို့ကိုလည်းကောင်း၊ အပတ်စဉ် ကြာသပတေးနေ့တွင် လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဒဂုံမြို့နယ်၊ အလုံမြို့နယ်နှင့် လမ်းမတော်မြို့နယ်တို့ကိုလည်းကောင်း ခွဲခြား၍ အဆိုပါနေ့များတွင် နံနက် ၁၀:၀၀နာရီမှ မွန်းလွဲ ၂:၀၀နာရီထိ မြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ