နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တံခါးမြို့၌ လူသတ်မှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦးသေဆုံး

ကျောက်တံခါး ဧပြီ ၅ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့၊ ကင်းစုကျေးရွာအုပ်စု၊ နီမကွင်းကျေးရွာတွင် ဧပြီ ၄ ရက်၊ ည ၈ နာရီခွဲခန့်က လူသတ်မှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိပြီးနောက် သေဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ကျောက်တံခါးမြို့နယ် ဘာလဂိုပင်ကျေးရွာတွင်နေထိုင်သော ဦးနိုင်ဦးသည် နီမကွင်း ကျေးရွာတွင်နေထိုင်သောအစ်မဖြစ်သူ မမြင့်သန်းနေအိမ်သို့ အလည်ရောက်ရှိနေစဉ် နေအိမ်၏တစ်အိမ် ကျော်တွင်နေထိုင်သော အစ်မအကြီးဆုံးဖြစ်သူ ဒေါ်မြင့်ခိုင် (၅ဝ နှစ်) နီမကွင်းကျေးရွာနေသူ၏ အိမ်မှအော်သံကြားသဖြင့် သွားရောက်ကြည့်ရှုရာ တင်ဦး(၃၃ နှစ်) စစ်ဗိုလ်ကြီးကျေးရွာ၊ ကျောက်တံ ခါးမြို့နယ်နေသူမှာ ဒေါ်မြင့်ခိုင်နေအိမ်ရှေ့လှေကားပေါ်မှ ပြေးဆင်းသွားသည်ကိုမြင်ရ၍လိုက်ရာ မမီ သဖြင့် အစ်မဖြစ်သူအား သွားကြည့်ရာ ဒေါ်မြင့်ခိုင်တွင် ယာဘက်ခြေသလုံးထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက်လက်မောင်း ပေါက်ပြဲဒဏ်ရာ၊ ယာလက်မပြတ်ရှဒဏ်ရာ၊ ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ၊ ဝဲဘက်လက်ဝါးပြတ်ရှဒဏ်ရာများရရှိနေသဖြင့် မြို့ချောင်းဆေးရုံသို့ပို့ဆောင်ကာ မြို့ချောင်းရဲစခန်းသို့ တိုင်ကြားခဲ့သည်။ မြို့ချောင်းရဲစခန်းက အမှုအား(ပ)၇၅/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်-၃၂၆ဖြင့် အမှုဖွင့် ရဲဆေးစာဖြင့် ပို့ဆောင်ကုသစေခဲ့သည်။ ဒေါ်မြင့်ခိုင်မှာရရှိထားသောဒဏ်ရာများ ပြင်းထန်သဖြင့် ဧပြီ ၂ ရက် ည ၉ နာရီခွဲတွင် သေဆုံးသွားခဲ့သည်။ ပြစ်မှုကျူးလွန်ရခြင်းအားစစ်ဆေးရာ ပြစ်မှုကျူးလွန်သူ တင်ဦးသည် သေဆုံးသူဒေါ်မြင့်ခိုင်၏ သမီးဖြစ်သူနှင့် ယခင်က သမီးရည်းစားများဖြစ်ကြပြီး ယခုအခါ ဒေါ်မြင့်ခိုင်က အခြားသူတစ်ယောက် နှင့်ပေးစားမည်ကို မကျေနပ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ဒေါ်မြင့်ခိုင်သေဆုံးသွားသဖြင့် မြို့ချောင်းနယ်မြေရဲစခန်းမှ ရဲအုပ်အောင်မြင့်ဦးက အမှုအားစစ်ဆေးပြီး ရာဇသတ်ကြီးပုဒ်မ-၃ဝ၂ သို့ ပြောင်းလဲဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူတင်ဦးအား ညတွင်းချင်းဖမ်းဆီး၍ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ မိုးခါး






အခြားဆက်စပ်သတင်းများ