နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ဆည်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် ဘိမ်းများ ဖမ်းဆီးရမိ

ကျောက်ဆည် ဇွန် ၁၅ 


ဇွန် ၁၄ ရက်၊ ညနေ ၆ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျောက်ဆည်မြို့နယ်၊  တောင်တော်ကျေးရွာ၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း၊ တောင်တော်စစ်ဆေးရေးဂိတ်တွင် နီကောလားမိုးဒီ(ခ)မိုးဒီ မောင်းနှင်ပြီး မိုးဇက်(ခ)မိုး လိုက်ပါလာသောမော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ပေါ်မှ ဘိန်းစိမ်း ၂၈ ဒသမ ၆ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် နီကောလားမိုးဒီ(ခ)မိုးဒီ(၂၀)နှစ်၊ မိုးဇက်(ခ)မိုး(၃၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဇွန် ၁၄ ရက်၊ မွန်းတည့်  ၁၂ နာရီ ၂၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် မိုးညှင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း၊ နန့်ပုတ်ကျေးရွာအနီးတွင် Hyundai အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ခရီးသည် မခင်မေနွဲ့နှင့် မသန်းသန်းအေးတို့၏ လက်ဆွဲခြင်း ၃လုံးအတွင်းမှ ဘိန်းစိမ်း ၆၃ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မခင်မေနွဲ့(၆၀)နှစ်၊ မသန်းသန်းအေး(၅၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ