နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွမ်းလုံမြို့နယ်နှင့် မဘိမ်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကွမ်းလုံ ၁၅ ရက်


ဇွန် ၁၄ ရက်၊ ည ၉ နာရီအချိန်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကွမ်းလုံမြို့နယ်၊ ရှောင်ပန်းဟိုင်ကျေးရွာအနီး၊ ကွမ်းလုံ-ချင်းရွှေဟော်သွားကားလမ်းတွင် လောက်စန်း မောင်းနှင်လာသည့် Hilux REVO အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၅,၀၀၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် လောက်စန်း (၃၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ဇွန် ၁၄ ရက်၊ ညနေ ၆ နာရီအချိန်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မဘိမ်းမြို့နယ်၊ ခတ်ခုံကျေးရွာအုပ်စု၊ သုံးခွကျေးရွာနေ မအေးလှမွန်၏နေအိမ်ကိုရှာဖွေရာ နေအိမ်ခြံဝင်းအတွင်း အမှိုက်ပုံးထဲရှိ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၂,၆၀၀ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၇၂ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် မအေးလှမွန်(၂၁)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။


  ဆွေဦး






အခြားဆက်စပ်သတင်းများ