နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြိတ်မြို့နယ်၌ ဘုရားစောင်းတန်းရှိ ရပ်တော်မူဒီပင်္ကရာ ဘုရားရုပ်ပွားတော်အား တွန်းလှဲခဲ့သူအမျိုးသားကို ဖမ်းဆီးအမှုဖွင့်

မြိတ်  ဇွန်  ၁၅


မြိတ်မြို့နယ်၌ ဘုရားစောင်းတန်းရှိ ရပ်တော်မူဒီပင်္ကရာ ဘုရားရုပ်ပွားတော်အား တွန်းလှဲခဲ့သူအမျိုးသား အားဖမ်းဆီးအမှုဖွင့်ထားကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။


မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တောရကျောင်းရပ်ကွက်ရှိ ပေါ်တော်မူဘုရားမှ ဂေါပကဥက္ကဌဖြစ်သူ ဦးအေးစိုးသည် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု တောရကျောင်းရပ်ကွက်၊ ပေါ်တော်မူဘုရားရင်ပြင်တော်ပေါ် တွင် အလှူခံစာရေး စိုးထိုက်အောင်နှင့် ဇွန် ၁၃ ရက် ည ၁၀နာရီက အတူရှိနေစဉ် ဘုရားအနောက်တောင်ထောင့် စောင်းတန်းရှိ ရပ်တော်မူဒီပင်္ကရာ ဘုရားရုပ်ပွားတော်အားအမည်မသိအမျိုးသားတစ်ဦးမှ တွန်းလှဲလိုက် သည်ကို တွေ့မြင်ရသဖြင့်  ဦးအေးစိုးနှင့်စိုးထိုက်အောင်တို့က သွားရောက်ကြည့်ရှုရာ ရပ်တော်မူ ဒီပင်္ကရာ ဘုရားရုပ်ပွားတော်မှာ မြေပေါ်သို့လဲကျပြီး ဦးခေါင်းတော်ပြုတ်၍ ဝဲဘက်လက်ချောင်း များကျိုးပဲ့နေသည်ကို တွေ့ရှိရကာ ထိုအမည်မသိ အမျိုးသားတစ်ဦးမှာ ထွက်ပြေးသွားသဖြင့် လုံခြုံရေး ဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်များဖြင့် လိုက်လံဖမ်းဆီးရာ ၄င်းအားပေါ်တော်မူဘုရားမုခ်ဦးအပေါက်ဝ၌ ဖမ်းဆီးရမိပြီး မေးမြန်းရာ သူရအောင် (၂၅)နှစ် ဗမာ/ဗုဒ္ဓ၊ ကျပန်းလုပ်၊ ပုလဲလမ်း၊ ဘုတ်ချောင်းရပ်ကွက် မြတ်တောင်ကျေးရွာအုပ်စု၊ မြိတ်မြို့နေသူဖြစ်ကြောင်း သိရှိရ၍လူအများကိုးကွယ်သော ဘာသာသာသနာကို စော်ကားရန်အကြံဖြင့် ဘာသာရေးအရ အထွတ်အမြတ်ထားသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်အား ပျက်စီးစေပြီး ဘာသာသာသနာကို ညှိုးနွမ်းစေအောင် ကိုယ်ထိလက်ရောက်ကျူးလွန်သူ သူရအောင်အား ဂေါပကဥက္ကဌက ဇွန် ၁၄ ရက်  မွန်းလွဲပိုင်းက အရေးယူပေးရန်တိုင်ကြားမှုဖြစ်သည်။


သူရအောင်အားမြိတ်မြို့မရဲစခန်းမှရဲအရေးမပိုင်သောအမှု(ပ)၈၁၇/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅/၂၉၅-ကဖြင့်အမှုဖွင့်ပြီးအမှုအား ဒုရဲအုပ် ဇာနည်ထွန်းကအမှုစစ်အဖြစ် ဆောင်ရွက်ကာတရားစွဲတင်ပို့ နိူင်ရေး ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။


ရွှေမြင့်ဦး (ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ