နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုဒုံမြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးပြား ၃ဝဝ ကျော်ဖမ်းဆီးရမိ

မော်လမြိုင်  ဇွန်  ၁၅


မွန်ပြည်နယ် မော်လမြိုင်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ သတင်းအရရှာဖွေရာမှ စိတ်ကြွမူးယစ်ဆေးပြား  ၃ဝဝ ကျော် ဖမ်းဆီးရမိကြောင်း သိရသည်။


မော်လမြိုင်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ အဖွဲ့ခေါင်းဆောင် ရဲအုပ်စောကိုကိုနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဇွန် ၁၄ ရက် ည ၁ဝနာရီခွဲခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ မုဒုံမြို့နယ်အဘစ်- ခလယ်တံခွန်တိုင်ကျေးရွာ လမ်းဝ၌စောင့်ဆိုင်းနေစဉ် အဘစ်- ခလယ်တံခွန်တိုင်ကျေးရွာသွား ကားလမ်း ဘက်မှ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းဘက်သို့ မောင်းနှင်လာသော နံပါတ်မပါအမျိုးအစား နီ/ဖြူ/ပြာရောင်  ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းသူ ဝင်းထွန်းလှိုင်(ခ)အဗလိုင်း စီးနင်းလာ သည့် ဆိုင်ကယ်ဘောက်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်နှစ်အိတ်ကို တွေ့ရှိရသဖြင့် ဖွင့်ဖောက် စစ်ဆေးရာစိတ်ကြွရူးသွပ်ဆေးပြား ၃၆၈ ပြား အလေးချိန် ၃၆ဒသမ၈ဂရမ်ခန့် ကာလတန်ဖိုးဆေးပြား တစ်ပြားလျှင်ကျပ် ၅ဝဝဝနှုန်းဖြင့် ငွေကျပ် ၁၈၄ဝ,ဝဝဝ တို့ကို တွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ပြီး မူးယစ်စိတ်ကြွဆေးပြားများကို  လက်ဝယ်ထားရှိ သုံးစွဲရောင်းချသူဝင်းထွန်းလှိုင်(ခ)အဗလိုက် (၂၂) နှစ်  အမှတ်(-) နှင်းဆီလမ်း ကြံ့ခိုင်ရေးရပ်ကွက် သံဖြူဇရပ်မြို့နေသူအား ကမာဝက်နယ်မြေ ရဲစခန်းမှ မယ(ပ)၃၄/၂ဝ၂ဝ၊ မူး၊ စိတ်ပြောင်းပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


ကျော်ဆန်းမြင့် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ