နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါင်းတည်မြို့နယ်ရန်ကုန်-ပြည်ကားလမ်းမကြီးဘေးရှိကျေးရွာ သွားလမ်းမထိပ်ခုံးတွင် ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယူမှုဖြစ်ပွား

ပေါင်းတည်  ဇွန်  ၁၅


ပဲခူးတိုင်းဒေသကြီးပေါင်းတည်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းမကြီးဘေး မကျီးပင်ကျေးရွာ သွားလမ်းမထိပ်ရှိ ခုံးအနီးတွင် ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယူမှုဖြစ်ပွါးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံမှသိရသည်။

ဖြစ်စဉ်မှာ ပေါင်းတည်မြို့နယ်နေထိုင်သူများဖြစ်ကြသော ချစ်ရှိင်း(၂၆)နှစ်ကြို့ပင်သာရွာမှHONDA125 အနက်ရောင် (လိုင်စင်မရှိ)အား မောင်းနှင်ပြီး မင်းသီဟ(၂၆)နှစ် ကြို့ပင်သာရွာနှင့် အောင်စိုးပိုင်(၂၅)နှစ်  တိုင်းချစ်ရပ်ကွက်နေသူတို့မှ  စီးနင်းလိုက်ပါကာ နတ်တလင်းမြို့နယ်စားသောက်ဆိုင်မှ ပြန်လာ ခဲ့ပြီး  ရန်ကုန် -ပြည်ကားလမ်းမကြီးနဘေးတွင် ဆိုင်ကယ်အားရပ်ပြီး အနီးရှိမကျီးပင်ကျေးရွာသို့ သွား သည့်  လမ်းထိပ်ရှိရေမြောင်းဂုံးပေါ်၌ ၂ဦးမှာ ထိုင်နေပြီး ကျန်တစ်ဦးက ဆိုင်ကယ်နှင့်အတူရှိနေစဉ်  နတ်တလင်းမြို့နယ်ဘက်မှ ရန်ကုန်-ပြည်လမ်းမကြီးအတိုင်း လော်ဂျားဆိုင်ကယ်မောင်းနှင်လာသူ(အမည် မသိ) ၃ဦးက ဆိုင်ကယ်ရပ်ပြီး အဆိုပါခုံးတွင် ထိုင်နေသူများ၏ထံမှ HONDA 125ဆိုင်ကယ်ကားလုယူရန် လက်သီးဖြင့်စတင်ထိုးကြိတ်ကာ အပြန် အလှန်ထိုးကြိတ် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွါးနေစဉ် (အမည်မသိသူ) ၂ဦးမှာ အရိုးအသွား၅လက်မခန့်ရှိ ဓားဟုယူဆရသည့် ဓားမြှောင်အတိုဖြင့်ထိုးခဲ့သဖြင့် ချစ်ရှိုင်းနှင့် အောင်ဖြိုးပိုင်တို့မှာ ထိုးသွင်းပြတ်ရှ(အတွင်းဒဏ်ရာ) များအသီးသီးရရှိနေစဉ် အဆိုပါ(အမည်မသိသူ)၃ဦးက ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများကို ဒေသခံများက ပေါင်းတည်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးကုသမှုများခံယူလျက်ရှိကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါင်းတည်မြို့မရဲစခန်းမှအမှုဖွင့်လှစ် ဆောင်ရွက်ထားရှိ၍ တရားခံ(၃)ဦးကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်






အခြားဆက်စပ်သတင်းများ