နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများအကျိုးအထောက်အပံ့ ဖြစ်စေရေး ဆောင်ရွက်

ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်းစိတ်မြတ်ဖြစ်သည်။ ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများအကျိုး ဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်ပါးဖြစ်ပေါ်စေသည့် ဆောင် ရွက်ခြင်းနှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများအကျိုး သယ်ပိုးဆောင်ရွက်ခြင်းသည် ပရဟိတအလုပ်ဖြစ်သည်။ အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် မွန်မြတ်သော အလုပ်ပင်ဖြစ်သည်။

ပရဟိတစိတ်ဓာတ်သည် လူတိုင်းမွေးမြူထားရှိအပ်သော စိတ်ဖြစ်သည်။   လူသည် တစ်ခါတစ်ရံမထင်မှတ်ဘဲ  ဒုက္ခ     အမျိုးမျိုးနှင့်ရင်ဆိုင်ကြုံတွေ့ရတတ်သည်။ ထိုအခါ အများ၏ အကူအညီတစ်စုံတစ်ခုလိုအပ်မည်ဖြစ်သည်။    လူတစ်ဦး တစ်ယောက်၊ အသင်းတစ်ဖွဲ့၊ ဒေသတစ်ခုခုဖြစ်စေ ဘေးဒုက္ခ ကြုံတိုင်းဝိုင်းဝန်းကူညီပေးကြရသည်။ အများအကျိုးသယ်ပိုး လိုသည့် စိတ်ကောင်းစိတ်မြတ်ပရဟိတစိတ်ဓာတ်ဖြင့် ဝိုင်းဝန်း ကူညီပေးကြရသည်။ 

ပရဟိတလုပ်ငန်းများကို လူတစ်ဦးမှအစပြု၍ အသင်း အဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာအနှံ့ပင်ဖြစ်သည်။ ယခုအခါ မီးသတ်ဦးစီးဌာနသည် ခရိုင်အဆင့်ရှာဖွေကယ်ဆယ် ရေးသင်တန်းများကို ဖွင့်လှစ်လျက်ရှိသည်။ 

အဆိုပါသင်တန်းများတွင် မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍ နှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ အခြေခံကြိုးချည် နည်းများ၊ ကြိုးအသုံးပြု၍ ကယ်ဆယ်ခြင်းနည်းစနစ်များ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့်    ကိုင်တွယ် ထိန်းသိမ်းအသုံးပြုခြင်းများ၊ အသက်ရှုကိရိယာအသုံးပြုခြင်း နှင့် အမှောင်ထုအတွင်းလှုပ်ရှားသွားလာခြင်း၊ ရေတွင်း အသက်ကယ်ဆယ်ရေး၊ တောင်ပေါ်အသက်ကယ်ဆယ်ရေး၊ အဆောက်အဦပြိုကျမှုရှာဖွေကယ်ဆယ်ရေး၊ ယာဉ်မတော် တဆမှုများ အခြေခံအသက်ကယ်နည်းစနစ်နှင့် လူနာသယ် ဆောင်နည်းရှာဖွေကယ်ဆယ်ရေးဆိုင်ရာသင်ခန်းစာများကို ၁၀ ရက်ကြာ စာတွေ့၊ လက်တွေ့ပို့ချပေးကြသည်။ 

ရှာဖွေကယ်ဆယ်ရေးသင်တန်းများကို  အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအသင်းမှ အသင်းများမှ သင်တန်းသားများတက် ရောက်ကြသည်။ ပရဟိတလုပ်ငန်းဖြင့် လူမှုဘဝဒုက္ခတို့ကို ပြေပျောက်စေနိုင်၏။

သို့ဖြစ်ရာ  လူတိုင်းသည် အများအကျိုးဆောင် ကိုယ့် အကျိုးဆောင်ဆိုသည့် စကားအတိုင်း လူမှုအသိုက်အဝန်း အတွင်း သာမှု၊ နာမှုကိစ္စအဝဝနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် တက်ကြွစွာပါဝင်လုပ်ကိုင်ပေးထားသော စိတ်ဓာတ် မွေးမြူကာ အများအကျိုးဆောင်ရွက်သင့်ပါကြောင်း နှိုးဆော် ရပေသည်။






အခြားဆက်စပ်သတင်းများ