နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်   နိုဝင်ဘာ   ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်၊ ဒုတိယမြို့တော်ဝန်၊ အတွင်းရေး မှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဌာနမှူးများ လိုက်ပါလျက်၊ ယနေ့နံနက်ပိုင်း က ရွှေပြည်သာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၌ အများပြည်သူ အပန်းဖြေနိုင်ရန် ဖူဆယ်ဘော လုံးကွင်း၊ စားသောက်ဆိုင်နှင့် ရေကူးကန်များတည်ဆောက် ပြီးစီးမှု၊ မရမ်းကုန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်အကြား တော် ဝင်လမ်းနှင့် မင်းဓမ္မလမ်းဆုံ၌ တံတားတည်ဆောက်နေမှုနှင့် ချောင်းမြေထိန်းနံရံတည် ဆောက်နေမှု၊ မရမ်းကုန်းမြို့ နယ်ဘက်အခြမ်း တော်ဝင်လမ်း ဘေး အုတ်စီရေမြောင်းပြုလုပ် နေမှု၊ ကမာရွတ်မြို့နယ်၊ ဟံသာ ဝတီလမ်း ကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေမှုတို့ကို သွား ရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် ရွှေပြည်သာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်း၊ ရွှေပြည်သာမြို့နယ်ခန်းမ အနောက်ဘက်ဝင်းအတွင်း အင်ဂျင်နီယာဌာန(အဆောက် အအုံ)မှ ဆောင်ရွက်သည့်အများပြည်သူ အပန်း ဖြေနိုင်ရန် ဖူဆယ်ဘောလုံး ကွင်း၊ စားသောက်ဆိုင်နှင့် ရေကူးကန်များ တည်ဆောက် ပြီးစီးမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။

အဆိုပါ ဝင်းအတွင်း အလျား ၁၀၄ ပေ၊ အနံ ၉၂ ပေ၊ အမြင့် ၁၉ ပေ ၆ လက်မရှိ အဆောက်အဦအတွင်း အလျား ၈၀ ပေ၊ အနံ ၆၀ ပေရှိ ဖူဆယ်ဘောလုံးကွင်း၊ အလျား ၁၂၀ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၁ ပေရှိ ၁၀ ခန်းတွဲပါ ဆိုင်ခန်း အဆောက်အဦ၊ အလျား ၆၃ ပေ၊ အနံ ၃၂ ပေ၊ အနက် ၄ ပေ ၆ လက်မရှိ လူကြီးရေကူးကန်နှင့် အလျား ၃၂ ပေ၊ အနံ ၁၈ ပေ၊ အနက် ၁ ပေ ၆ လက်မရှိ ကလေးရေကူးကန်တို့ပါဝင်ပြီး အများပြည်သူ အပန်းဖြေအနား ယူနိုင်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိကြောင်း သိရသည်။

 ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည်၊ မရမ်းကုန်းမြို့ နယ်နှင့် အင်းစိန်မြို့နယ်အကြား တော်ဝင်လမ်း နှင့် မင်းဓမ္မလမ်း ဆုံသို့ သွားရောက်၍ အောင် သိဒ္ဓိချောင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား)က တော်ဝင်လမ်းဖြတ် အရှည် ၈၀ ပေ၊ အကျယ် ၁၈ ပေရှိ တံတားတည်ဆောက် နေမှု၊ မရမ်းကုန်း မြို့နယ်ဘက် အခြမ်း ပြည်လမ်းမှ မင်းဓမ္မ လမ်းဆုံအထိ အကျယ် ၃ ပေ၊ အနက် ၃ ပေရှိ အုတ်စီ ရေမြောင်း ပြုလုပ်နေမှု၊ အင်ဂျင် နီယာဌာန(ရေစီးရေလာ စီမံ ခန့်ခွဲမှု)က တော်ဝင်လမ်းမှ အောင်သိဒ္ဓိလမ်းအထိ အောင် သိဒ္ဓိချောင်း ရေလမ်းအကျယ် ၁၅ ပေကို ဝဲ/ယာ နှစ်ဘက် အရှည် ၉၂၅ ပေ၊ အမြင့် ၉ ပေ ၆ လက်မရှိ ချောင်းမြေထိန်းနံရံ တည်ဆောက်နေမှုတို့ကို ကြည့် ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ကမာရွတ်မြို့နယ်၊ ၇ ရပ်ကွက်ရှိ ဟံသာဝတီလမ်းကို အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား)က အရှည်ပေ ၁၁၀၀၊ အကျယ် ၁၇ ပေ၊ အောက်ခံထု ၆ လက်မ၊ အပေါ်ထု ၉ လက်မရှိ ကွန်ကရစ်လမ်းသားတိုးချဲ့ခင်း ကျင်းနေမှုကို သွားရောက်ကြည့် ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။

သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ