နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းဟောင်း၊ လမ်းပျက်များကို ပြုပြင်

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်များနေ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)ကတာဝန်ယူ၍ ရပ်ကွက်များရှိ လမ်းဟောင်းလမ်းပျက်များကို ပြုပြင် ၍ကွန်ကရစ်ကျောက်လမ်းများ ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိသည်။

ကွန်ကရစ်ကျောက်လမ်းခင်းရာတွင် ဌာန၏လမ်းညွှန်ချက်နှင့် အညီ စံချိန်စံညွှန်းပြည့်မီရေး အရည်အသွေးကောင်းမွန်ရေး သတ်မှတ် အချိန်တွင်ပြီးစီးနိုင်ရေးတို့ကိုအလေးထားကာ လမ်းခင်းတာဝန်ခံများ ကဆောင်ရွက်လျက်ရှိသည်။

ရွှေပြည်သာမြို့နယ် အမှတ် ၂၀ ရပ်ကွက်ရှိ မြောင်းမြမြေသား လမ်းကိုပြုပြင်၍ လမ်းအရှည် ၂၁၂၅ပေ အကျယ် ၁၆ပေ ထု ၇ လက်မ လမ်းပခုံးသား ဝဲ/ယာ နှစ်ပေစီဖြင့် လမ်းခင်းတာဝန်ခံဆလိုင်းအောင် ဌေးလင်းကြီးကြပ်ကာ စက်ယန္တရားအသုံးပြု၍ လမ်းခင်းလုပ်သား များဖြင့် ကွန်ကရစ်ကျောက်လမ်းခင်းခဲ့ရာ နိုဝင်ဘာ ၂၀ရက်တွင်  ရာနှုန်းပြည့် ပြီးစီးသည်။

မြင့်သန်းကြည်(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ