နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာဆိုင်များ ကွင်းဆင်းစစ်ဆေး

ညောင်ဦး၊ နိုဝင်ဘာ ၂၁

ညောင်ဦးမြို့နယ် မဏိစည်သူဈေး ပတ်လည်အပြင်ဘက်တန်းတွင် ရောင်း ချလျက်ရှိသော ဓာတ်မြေဩဇာဆိုင်၊ ပိုး သတ်ဆေးအရောင်းဆိုင် ငါးဆိုင်တို့ကို မန္တလေးတိုင်းဒေသကြီး၊ သီးနှံကာကွယ် ရေးတာဝန်ခံ ဒေါ်သင်းသင်းထက်(လက် ထောက်ညွှန်ကြားရေးမှူး)၊ တိုင်းမျိုး စေ့တာဝန်ခံ၊ ဒေါ်မင်းမင်းသွင်(လက် ထောက်ညွှန်ကြားရေးမှူး)၊ တိုင်းမြေ အသုံးချရေးတာဝန်ခံ ဒေါ်သက်သက် ထွန်းနှင့် ခရိုင်မျိုးစေ့တာဝန်ခံ၊ မြေ အသုံးချရေးတာဝန်ခံနှင့် ခရိုင်စားသုံး သူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဦးညီညီထွန်း(ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့က ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးများသုံးစွဲခြင်း၊ မြန်မာစာအညွှန်း စာဖြင့် တရားဝင်ဆေးများသာ ရောင်းချ ဖြန့်ဖြူးသွားရန်၊ ပိုးသတ်ဆေးလိုင်စင် သက်တမ်းကုန်ဆုံးနေသည့် ဆိုင်များ ကိုသက်တမ်းတိုး၍ ဆက်လက်ရောင်း  ချရန်နှင့် ပိုးသတ်ဆေးရောင်းချသူများ (CPA )သင်တန်းတက်ရောက်ပြီးမှ ပိုး သတ်ဆေးရောင်းချရန်၊ ပိုးသတ်ဆေး စနစ်တကျသိုလှောင်ရောင်းချရန်၊ တရား မဝင် ဓာတ်မြေဩဇာရောင်းချခြင်းမပြု ရန်၊ ပစ္စည်းအဝင်အထွက်ပစ္စည်းမှတ် တမ်းရေးသွင်းရန်၊ မျိုးစေ့ရောင်းချသည့် ဆိုင်များကို လိုင်စင်လျှောက်ထားပြီးမှ ရောင်းချရန်တို့ကို ခံဝန်ကတိထိုးသတိ ပေးမှာ ကြားသည်။

ကိုကြေးမုံ






အခြားဆက်စပ်သတင်းများ