နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
iPad Air သစ်နှင့် iMac တို့ကို မိတ်ဆက်သွားမည့် Apple

ဇွန် ၁၄

Apple သည် မျက်နှာပြင် ၁၀ ဒသမ ၈ လက်မ iPad Air သစ်နှင့် မျက်နှာပြင် ၂၃ လက်မအရွယ် iMac တို့ကို လက်ကျန် ဒုတိယနှစ်ဝက်တွင် မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းများအရ Apple သည် ၁၀ ဒသမ ၈ လက်မ iPad Air အပြင် မျက်နှာပြင် ၈ လက်မနှင့်အထက် iPad Mini နှင့် mini-LED display ပါ ၁၂ ဒသမ ၉ လက်မအရွယ် iPad Pro သစ်တစ်လုံးလည်း မိတ်ဆက်သွားရန်ရှိကြောင်း သိရသည်။

Apple သည် ပြီးခဲ့သည့်နှစ်ထဲတွင် မျက်နှာပြင် ၁၀ဒသမ၂ လက်မ iPad Air ကို ကြေညာခဲ့ပြီး ၁၀ ဒသမ ၈ လက်မ ၂၀၂၀ မော်ဒယ် iPad Air သစ်ထုတ်လုပ်မှုသည် ယခုနှစ် တတိယသုံးလပတ် အတွင်းတွင် စတင်သွားရန်စီစဉ်ထားသည်။ Panel supplier အနေဖြင့် iPad Air အတွက် LG Display ၊ BOE Technology နှင့် Sharp တို့မှ ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး Backlit Unit ထုတ်လုပ်သည့် Radiant ကလည်း iPad နှင့် Mac ထုတ်ကုန်သစ်များအတွက် BLUs များတင်ပို့ပေးသွားမည်ဟု  သိရသည်။

iMac သစ်သတင်းများက ပြီးခဲ့သည့်ဧပြီလကတည်းက သတင်းထွက်ထားပြီး ဇွန်လတတိယပတ် တွင်ကျင်းပမည့် Apple ၏ WWDC 2020 တွင် မိတ်ဆက်လာမည်ဟု မျှော်လင့်နေကြသည်။                                                     

(WP)






အခြားဆက်စပ်သတင်းများ