နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်၊ ရွေကူမြို့နယ်နှင့် ပင်လယ်ဘူးမြို့နယ်တို့တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းစိမ်းများဖမ်းဆီးရမိ

တာချီလိတ် ဇွန် ၁၄ ရက်

ဇွန် ၁၂ ရက်၊ ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်စစ်ဆေးရေးဂိတ်အနီးတွင် စိုင်းလုံမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းမော်တော်ဆိုင်ကယ် အတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၂၀,ဝ၀ဝ ပြား ၊ လက်ကိုင်ဖုန်း တစ် လုံး တို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်၁၆၄၅ အချိန် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုပ်ကျေးရွာအနီးတွင် မနန်းအမ်း အား မော်တော်ဆိုင်ကယ် တစ်စီး၊ လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စိုင်းလုံ (၅၀) နှစ်၊ မနန်းအမ်း(၂၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သိရသည်။

အလားတူ ဇွန် ၁၂ ရက်၊ ညနေ ၅ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွေကူမြို့နယ်၊ နောင်လတ်ကြီးကျေးရွာအုပ်စု၊မန္တလေး-ဗန်းမော်သွားကားလမ်းတွင် ဆန်းမင်း မောင်းနှင်ပြီး မျိုးလှိုင်ဝင်း နှင့် လှိုင်မြင့်ဦး တို့ လိုက်ပါလာသော မော်တော် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ရှေ့ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၂၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၈,၀ဝ၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဆန်းမင်း(၃၈)နှစ်၊လှိုင်မြင့်ဦး(၄၂)နှစ်၊မျိုးလှိုင်ဝင်း(၂၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။

အလားတူ ဇွန် ၁၁ ရက်၊ ညနေ ၅ နာရီအချိန် ပင်လည်ဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်ပြင်သွားကားလမ်းတွင် နိုင်မင်းမောင်းနှင်ပြီး ချမ်းငြိမ်းစိုးနှင့် အောင်ကိုကိုမင်းတို့ လိုက်ပါလာသော နံပါတ်မပါ DAYANG အမျိုးအစား သုံးဘီးယာဉ် ကို ရပ်တန့်စစ်ဆေးရာ ၎င်းယာဉ်ပေါ်ရှိ ခြင်းတောင်းအတွင်းမှ ဘိန်းစိမ်း ၃၅ဒသမ၂၇၂၈ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် နိုင်မင်း (၃၂) နှစ်၊ ချမ်းငြိမ်းစိုး (၂၄) နှစ်နှင့် အောင်ကိုကိုမင်း (၁၈) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ