နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဘိန်းမြို့နယ်၊ လောက်ကိုင်မြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မဘိန်း ဇွန် ၁၄ ရက်

ဇွန် ၁၂ ရက်၊ ညနေ ၄ နာရီခွဲအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ခတ်ခုံကျေးရွာအုပ်စု၊ ခတ်ခုံကျေးရွာ-မိုမင်တန်သစ်ထုတ်လုပ်ရေးသွားလမ်း၊ သစ်ဖွဲ့ပင်ပြန့်ဆင်စခန်းတဲနေ အောင်ကျော်ကျော်၏ နေအိမ်တဲကိုရှာဖွေရာ ၎င်းနှင့်အတူ ထွန်းကြိုင်အားတွေ့ရှိပြီး ၎င်းနေအိမ်တဲအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၁၁,၀ဝ၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် အောင်ကျော်ကျော်(၂၂) နှစ်၊ ထွန်းကြိုင်(၃၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ ဇွန် ၁၂ ရက်၊ ညနေ ၆ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လောက်ကိုင်မြို့နယ်၊ ရပ်ကွက်(၃)၊ရှင်းယင်လမ်း၊(၉)ခန်းတွဲတိုက်ခန်းတွင် နေထိုင်သူ လူချမ်းဟော် ၏ တိုက်ခန်းကိုရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၀ဝ ပြား ၊အိုက်စ် သုည ဒသမ ၁၈၅ ကီလို ၊ ဘိန်းဖြူ ၀ ဒသမ ၀၃၆၄ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် လူချမ်းဟော် (၃၀) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ ဇွန် ၁၂ ရက်၊ ညနေ ၄ နာရီခွဲအချိန်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် ရွာငံမြို့အဝင်၊ အောင်ပန်း-ရွာငံသွားကားလမ်း၊ မိုင်တိုင်အမှတ်(၁/၄၈) တွင် ဘုန်းပြည့်ကျော် မောင်းနှင်လာသည့် HONDA AIRWAVE အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ၎င်းမော်တော်ယာဉ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ဝ၀ ပြား ၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဘုန်းပြည့်ကျော် (၃၅) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ