နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ထရီ 30000 mAh ပါဝင်သည့် Xiaomi Mi Power Bank 3 ကိုကြေညာ

ဇွန်  ၁၄

Xiaomi က ဘက်ထရီများစွာပါဝင်သော Power Bank သစ်တစ်ခုဖြစ်သည့် Mi Power Bank 3 ကို ကြေညာ လာသည်။
Mi Power Bank 3 မှာ USB A ပေါက်နှစ်ခု ၊ USB C ပေါက်တစ်ခု၊ micro USB ပေါက်တစ်ခုတို့ ပါဝင်သည်။ USB A ၊ USB C တို့မှ အခြား Device ကို အားသွင်းမှုကို 18W ဖြင့် ပြုလုပ်နိုင်ပြီး Power Bank အား အားသွင်း မှုကို 24W ဖြင့် ပြုလုပ်နိုင်မည်ဖြစ်သည်။

Mi Power Bank 3 မှာ ဘက်ထရီ 30000 mAh ပါဝင်ပြီး အသစ်ထွက် Mi10 (ဘက်ထရီ 4780 mAh) ကို 4.5 ကြိမ် အားသွင်းပေးနိုင်မည်ဖြစ်သည်။ 30W Xiaomi Fast Charger ရှိပါက ၇ ဒသမ ၅ နာရီဖြင့် ၁၀၀ ရာခိုင်နှုန်း အထိ အားသွင်းနိုင်မည်ဖြစ်ကာ micro USB မှ အားသွင်းမှုကိုတော့ 18W ဖြင့်သာ ပြုလုပ်နိုင်မည်ဖြစ်သည်။

Mi Power Bank 3 ကို ဈေးနှုန်းအနေဖြင့် ၂၄ ဒေါ်လာ သတ်မှတ်ထားပြီး ဇွန် ၁၈ ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ