နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MPT ၏ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝန်းရှိ ၅၁ မြို့နယ်တွင် တပ်ဆင်အသုံးနိုင်ပြီ

ရန်ကုန်၊ ဇွန် ၁၄

 မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် လူသိများ ထင်ရှားသော မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုအား မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းရှိ မြို့ကြီးများနှင့် မြို့နယ်ပေါင်း ၂၄ မြို့နယ်တွင် ထပ်မံတိုးချဲ့တပ်ဆင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။  MPT ၏ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ  မြို့နယ်ပေါင်း ၅၁ မြို့နယ်တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို စတင်မိတ်ဆက်ပြီးချိန်မှစ၍ ယနေ့အချိန်အထိ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု (FTTH) လုပ်ငန်းတွင် MPT သည် ရှေ့ဆုံးမှဦးဆောင်လျက်ရှိသည်။ ယခုလတွင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများဖြစ်သော ရန်ကုန်နှင့် မန္တလေးမြို့များသာမက  ကချင်ပြည်နယ် (မြစ်ကြီးနား)၊ ကယားပြည်နယ် (လွိုင်ကော်)၊ ကရင်ပြည်နယ် (ဘားအံ၊ မြဝတီ)၊ ချင်းပြည်နယ် (ဟားခါး)၊ ရှမ်းပြည်နယ် (လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ကလော၊အောင်ပန်း)၊ တနင်္သာရီတိုင်းဒေသကြီး (ကော့သောင်း၊  ထားဝယ်) နှင့် ရခိုင်ပြည်နယ် (စစ်တွေ) စသည့် မြို့ပြဒေသများတွင်လည်း မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် အိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို ရရှိအသုံးပြုနိုင်ပြီဖြစ်သည်။

MPT FTTH ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှု အသုံးပြုသူများအတွက် ယင်းတို့၏ MPT မိုဘိုင်းလ် ဆင်းမ်ကတ်များအပေါ် ထပ်ဆောင်းဒေတာများသာမက MPT အချင်းချင်းဖုန်းခေါ်ဆိုခွင့်နှင့် စာတိုပေးပို့ခွင့် အစရှိသည့် ပူးတွဲဝန်ဆောင်မှုအစီအစဉ်ကို ရယူနိုင်မည်ဖြစ်သည်။ ယခုဝန်ဆောင်မှု မှာ MPT ၏ fixed အင်တာနက်သုံးစွဲသူများအတွက် တစ်နိုင်ငံလုံးဖြန့်ကြက်ထားနိုင်သည့် မြန်နှုန်းမြင့် 3G/LTE+ ကွန်ရက်သုံး ယင်းတို့၏  MPT မိုဘိုင်းလ်ဖုန်းများအတွက်ပါ ထပ်ဆောင်း အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အရည်အသွေးမြင့်မားတဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် မှတ်ကျောက်တင်နိုင်ရန် အတွက် MPT သည်  မြန်နှုန်းမြင့် ဒုံးပျံ အိမ်သုံးဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုအား တပ်ဆင်အသုံးပြုမည့် သုံးစွဲသူအသစ်များ အတွက် ကနဦးတပ်ဆင်ခ ကင်းလွတ်ခွင့်နှင့်အတူ နောက်တစ်လစာအတွက် အခမဲ့အသုံးပြုခွင့်ပါဝင်သည့် မိုးရာသီအထူးပရိုမိုးရှင်းကို  ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၃၀ ရက် အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ