နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


ရန်ကုန် နိုဝင်ဘာ ၁၈

၂၀၂၃ ခုနှစ်၊ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ နှင့်ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့တော် ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ ၄ ၌ ကျင်းပသည်။

ရှေးဦးစွာ ပြပွဲ၊ ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ(ကိုယ် စား) ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်း ရေးမှူး ဦးညွန့်ဖေက ပြပွဲ၊ ပြိုင်ပွဲ များနှင့် ဆုကြေးငွေများအား လုပ်ငန်းကော်မတီအလိုက် တင် ပြရန်၊ ပြပွဲ ပြိုင်ပွဲနေရာ အခင်း အကျင်းများအား အတည်ပြု တင်ပြပေးရန်နှင့် ပန်းဝါသနာရှင် အသင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန တို့က ပြိုင်ပွဲဝင်မည့်အသင်းများ ကို ကြိုတင်အသိပေးဖိတ်ခေါ် ထားရန်တို့ကို ဆွေးနွေးမှာကြား သည်။

ဆက်လက်၍ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး ၁ ပန်း ဥယျာဉ်နှင့် အားကစားကွင်း များဌာန၊ ဌာနမှူး၊ တွဲဖက် အတွင်းရေးမှူး ၂ စိုက်ပျိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်း ဥက္ကဋ္ဌတို့က ကော်မတီ အလိုက် လုပ်ဆောင်ရမည့် လုပ် ငန်းများအား တင်ပြဆွေးနွေး ကြသည်။

ထို့နောက် တက်ရောက်လာ သော လုပ်ငန်းကော်မတီများ ဖြစ်ကြသည့် ပြပွဲ၊ ပြိုင်ပွဲကျင်းပ ရေးလုပ်ငန်းကော်မတီ၊ အခမ်း အနားပြင်ဆင်ရေး လုပ်ငန်း ကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်း ကော်မတီ၊ သန့်ရှင်းရေးလုပ်ငန်း ကော်မတီ၊ လုံခြုံရေးလုပ်ငန်း ကော်မတီ၊ ကျန်းမာရေးလုပ်ငန်း ကော်မတီ၊ အကဲဖြတ်နှင့် ဆု ချီးမြှင့်ရေး လုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေး လုပ်ငန်း ကော်မတီ၊ ပြန်ကြားရေး၊ ဖိတ် ကြားရေးနှင့် ကြိုဆိုနေရာချ ထားရေး လုပ်ငန်းကော်မတီနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ကော်မတီတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ မှုများအပေါ် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

အဆိုပါ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှစ၍ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ နှင့်ပန်းမန်စိုက်ပျိုးခြင်းလုပ်ငန်း များအား အများပြည်သူ စိတ်ပါ ဝင်စားလာစေရန်၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးရေး အဆင့်မြင့် နည်းပညာများ အများပြည်သူ လေ့လာနိုင်စေရန်၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန် မျိုးကောင်း၊ မျိုးသန့်များ ပြန့်ပွား ဖြန့်ဝေပေးနိုင်စေရန်၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်း မန်များ စိုက်ပျိုးထုတ်လုပ်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်း မန်များ စိုက်ပျိုးထုတ်လုပ်ခြင်း ဖြင့် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုး မှု အထောက်အကူပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၀ ပြည့် နှစ်အထိ ကျင်းပနိုင်ခဲ့ပြီး ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များ တွင် ကျင်းပမှုရပ်ဆိုင်းခဲ့ကြောင်း၊ ယခု လာမည့် ၂၀၂၃ ခုနှစ်၊ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှ ၈ ရက် အထိ ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝဥယျာဉ်၊ မဟာမြိုင်ကျွန်း၊ ဆင်ဖြူတော် ရုပ်တုများအနီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲအား စည်ကားသိုက်မြိုက် စွာ ပြန်လည်ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရာတွင် ဟင်းသီးဟင်း ရွက်၊ သစ်သီးဝလံနှင့် ပန်းမန် များ ပိုမိုစုံလင်စွာ ပြိုင်ပွဲဝင်နိုင် ရေး၊ အများပြည်သူများ ပိုမို ပြည့်စုံစွာ ခင်းကျင်းပြသနိုင်ရေး၊ ပညာပေး အစီအစဉ်များ ပိုမို ဆောင်ရွက်နိုင်ရေးတို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ