နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အရှေ့ပိုင်း)တွင် နံနက်ခင်းမီးလောင်မှုကြောင့် နှစ်ဦးသေဆုံး

ရန်ကုန် ဇွန် ၁၃


ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၉)ရပ်ကွက်၊ မိုးမခလမ်းရှိ မ/၉၈(ခ)နေအိမ်တွင် ဇွန် ၁၂ ရက်၊နံနက် ၅ နာရီ ၅ မိနစ်ကမီးလောင်မှုဖြစ်ပွားခဲ့ရာ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ ကျောင်းသူ တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။


အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးဌာနနှင့်လှိုုင်သာယာ(အရှေ့ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနတို့မှမီးသတ်ယာဉ်ခြောက်စီး၊ရေသယ်ယာဉ်နှစ်စီး၊အုပ်ချုပ်မှုယာဉ် တစ်စီး၊ ရွှေလင်ပန်း စက်မှုဇုန်မှ မီးသတ်ယာဉ်တစ်စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးတို့ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။


မီးလောင်ရခြင်းအကြောင်းရင်းမှာ ဦးကျော်ဆွေ(၅၇)နှစ်(ဘ)ဦးလှစိန်၏ အလျား ၅၀ ပေ၊ အနံ ၁၀ ပေ ရှိခြံဝင်းအတွင်းရှိ သွပ်မိုးအုတ်ညှပ်တစ်ထပ်တိုက်နေအိမ်တွင် ဖယောင်းတိုင်မီးထွန်း၍ ဘုရားမီးပူဇော်ထားရာမှအောက်ခံအဖြစ်အသုံးပြုထားသောသစ်သားပြားမီးစွဲလောင်ရာမှ ယင်းတိုက်နှင့်တစ်ဆက်တည်းရှိသည့် အလျား ၁၅ ပေ၊ အနံ(၁၀)ပေရှိသွပ်မိုးအုတ်ညှပ်ထပ်ခိုးပါနှစ်ထပ်တိုက်နှင့်အလျားပေ ၅၀ ၊ အနံ ၁၀ ပေ ရှိ ပျဉ်ခင်းသွပ်မိုး ပျဉ်ကာလူနေအိမ်နှစ်လုံးမီးကူးစက်လောင်ကျွမ်းခဲ့ပြီးအလျား ၁၅ ပေ၊ အနံ ၁၀ ပေသွပ်မိုး အုတ်ညှပ် ထပ်ခိုးပါနှစ်ထပ်တိုက်၏ရေချိုးခန်းအတွင်း၌ ဒေါ်လုံး(ခ)ဒေါ်ညွန့်ညွန့်ရီ(၅၅)နှစ် (ဘ)ဦးတင် ရွှေနှင့်တက္ကသိုလ်ဝင်တန်းဖြေဆိုထားသောမရှင်းသန့်(၁၆)နှစ်(ဘ)ဦးကျော်ဆွေတို့မှာမီးခိုးမွှန်၍သေဆုံးခဲ့ရာ လှိုင်သာယာပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးပြည်သူ့ဆေးရုံမှ မရှင်းသန့်အား PR-03 နှင့် ဒေါ်လုံး(ခ)ဒေါ်ညွန့်ညွန့်ရီအား PR-04ဖြင့်လက်ခံထားသည်။


     မီးလောင်မှုကြောင့်ဦးကျော်ဆွေမှာဝဲ/ယာလက်ဖျံပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး  မြို့မရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး    - (၁၁၂)






အခြားဆက်စပ်သတင်းများ