နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းရှိ မည်သည့်ဘဏ်ကိုမဆို Online မှငွေလွှဲနိုင်မည်

ရန်ကုန် ဇွန် ၁၃


ဘဏ်ချင်းမတူသော်လည်း ငွေလွှဲရန်အခက်အခဲများမရှိစေရန်အတွက် CB Bank ၏ Internet Banking အသုံးပြုခြင်း ဖြင့် Online မှ (၂၄)နာရီ ပိတ်ရက်မရှိ ပြည်တွင်းရှိမည်သည့်ဘဏ်ကိုမဆို ငွေလွှဲပို့ဆောင်နိုင်ပြီဖြစ်သည်။


Internet Banking ဖြင့် အခြားဘဏ်များသို့ ငွေလွှဲဆောင်ရွက်ပုံအဆင့် ၆ ဆင့်ရှိပြီး ထိုအဆင့်များကို လုပ်ဆောင်ပြီး လွယ်ကူစွာ ငွေလွှဲပို့ဆောင်နိုင်ပြီဖြစ်သည်။ 


ထိုသို့ပို့ဆောင်ရာတွင် ဘဏ်ဖွင့်ရက်တွင် မွန်းတည့် ၁၂ နာရီမတိုင်မီ လွှဲသည့်ငွေလွှဲခြင်းများသည် နေ့ချင်း ငွေဝင်ရောက်မည်ဖြစ်ပြီး၊ မွန်းတည့် ၁၂ နာရီနောက်ပိုင်းလွှဲသည့် ငွေလွှဲခြင်းများသည် နောက်တစ်ရက်(ဘဏ်ဖွင့်ရက်)တွင် ဝင်ရောက်မည်ဖြစ်သည်။


အဆိုပါ ငွေလွှဲပို့ဆောင်ရာတွင် အသုံးပြုရန်အတွက် iBanking ကို CB Bank Account ရှိရုံဖြင့် ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းစီအသုံးပြုနိုင်သကဲ့သို့ Corporate လုပ်ငန်းများအတွက်လည်း Business Account ဖြင့်ဖွင့်လှစ် အသုံးပြုနိုင်မည်ဖြစ်သည်။ iBanking မရှိသေးသူများအနေဖြင့် နီးစပ်ရာ CB Bank ဘဏ်ခွဲတိုင်းတွင် အလွယ်တကူ လျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက Contact Centre ဖုန်းနံပါတ် (01-2317770) သို့ (24/7) ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။                                                 


(WP)






အခြားဆက်စပ်သတင်းများ