နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးသီးမြို့နယ်တွင် တော်လူအင်း၊ အက်စီတုန်း၊ အီသိုင်းအက်စီတစ်များ လားရှိုးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ကျေးသီး ဇွန် ၁၃ ရက်


ဇွန် ၁၁ ရက်၊ နံနက် ၇ နာရီခွဲအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး မိုင်းနောင်-မိုင်းနန်းကျေးရွာသွားလမ်းတွင် မသင်္ကာဖွယ်ရပ်တန့်ထားသော DONG FENG အမျိုးအစား ၆ ဘီးမော်တော်ယာဉ်ကိုစစ်ဆေးရာ ယာဉ်မောင်းအားမတွေ့ရှိဘဲ ယာဉ်ပေါ်မှ တော်လူအင်း(Toluene) ၃,၆၈၀ လီတာ၊ အက်စီတုန်း(Acetone) ၆၄၀ လီတာ၊ အီသိုင်းအက်စီတစ်(Ethylacetate) ၁၆၀ လီတာတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။


အလားတူ ဇွန် ၁၁ ရက်၊ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လားရှိုး-မိုင်းယော်သွားကားလမ်း၊ နားဖကျေးရွာအနီးတွင် ရည်မွန်(ခ)ဦးချစ်မောင်းနှင်လာသည့် MITSUBISHI PAJERO IO အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ပြား၊ လက်ကိုင်ဖုန်း တစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ရည်မွန်(ခ)ဦးချစ်(၅၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ