နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဟိုပုန်း ဇွန် ၁၃ ရက်


ဇွန် ၁၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာအနီး၊ ဟိုပုံး-တောင်ကြီးသွားကားလမ်း တွင် မျိုးမင်းထွန်း(ခ)တီးတုတ် မောင်းနှင်လာသော TOYOTA MARK II အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၆,၀၀၀ ပြား၊  ဘိန်းဖြူ သုည ဒသမ ၉၆၈ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မျိုးမင်းထွန်း(ခ)တီးတုတ်(၃၀)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


အလားတူ ဇွန် ၁၁ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာအုပ်စု၊ ငါးပင်ရွာဟောင်းကျေးရွာနေ မျိုးထွန်း ၏ နေအိမ်ကိုရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၃ ပြား၊ မြန်မာငွေ ၂၆၀,၀၀၀ ကျပ်တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် မျိုးထွန်း (၃၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


 ဆွေဦး






အခြားဆက်စပ်သတင်းများ