နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၁၃


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ


 ဇွန် ၁၂ ရက်၊ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သည် ညောင်ရမ်းလမ်းမပေါ်၌ ရာဇာအောင်ထံမှ အရိုးအသွား(၉)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီခွဲအချိန်တွင် (၁၆)ရပ်ကွက်အတွင်းလမ်းမပေါ်၌ ဇင်မင်းထူးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊


လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၇ နာရီခွဲအချိန်တွင် (၁၃)ရပ်ကွက်၊ ပဲခူးလမ်းမပေါ်၌ အောင်ကျော်ကျော်ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ည ၉ နာရီအချိန်တွင် အလယ်ကျေးရွာအုပ်စု၊ မြေတိုင်း(၂၂)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်၌ ဓားကိုင်သောင်းကျန်းနေသော ဝေယံထွန်းထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ရန်ကုန်ညောင်တုန်းလမ်းမကြီးတွင် ဓားကိုင်သောင်းကျန်းနေသော သိန်းဇော်ထံမှ အရိုးအသွား(၁၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၈ နာရီခွဲအချိန်တွင် (၁၀)ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်၌ စောအယ်ဒိုးဝါးထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊


မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီခွဲအချိန်တွင် ကုန်းတလပေါင်ကျေးရွာ၊ ရွှေစေတီ လမ်းမပေါ်၌ သန့်ဇင်အောင်ထံမှ အရိုးအသွား(၁)ပေ၊ (၇)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် ပေါက်တောရပ်ကွက်၊ ဥယာဉ်လမ်းမပေါ်၌ စိုးကိုလတ်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်းကိုလည်းကောင်း၊


ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီခွဲအချိန်တွင် (၁၀၅)ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းမပေါ်၌ အောင်ကိုမြင့်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ် ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက် ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ