နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အွန်လိုင်းမှတစ်ဆင့် မဲစာရင်းကြည့်ရှုနိုင်မည့် Mobile Application စီစဉ်ဆောင်ရွက်

ရန်ကုန်    ဇွန်   ၁၃


၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ရာတွင်အွန်လိုင်းမှ တစ်ဆင့် မဲစာရင်းကြည့်ရှုနိုင်မည့် Mobile Application တစ်ခုအား အသုံးပြုနိုင်စေရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်သည့်အနေဖြင့် သက်ဆိုင်ရာမှ မဲစာရင်းများ ထုတ်ပြန်ကြေညာသောအခါ လူများစုဝေးခြင်းများကို တတ်နိုင်သမျှ ရှောင်ရှား နိုင်ရေးအတွက် ယခုကဲ့သို့ Mobile Application တစ်ခုကို အသုံးပြုရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


လာမည့် ပြည်ထောင်စုအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်အချိန်သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19)ကူးစက်ကာလနှင့် တိုက်ဆိုင်နေသည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ                                                                             ဂရုတစိုက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ပြည်သူများ မဲပေးသည့်နေ့တွင်လည်းမဲရုံများနှင့် ဆန္ဒမဲလာပေးသူများ မှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ် စေရန်အတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ သရုပ်ပြမဲပေးခြင်းများကိုလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)ကူးစက်ပြန့်ပွားမှုအခြေအနေများကြောင့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုအထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန်နိုင်ငံရေးပါတီအချို့က တောင်းဆို ထားကြကြောင်း သိရသည်။                                                                                           


 (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ