နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Xiaomi က Mi NoteBook 14 ကို ကြေညာ

ဇွန်  ၁၃


Xiaomi ဟာ Mi NoteBook 14 နှင့် Mi NoteBook 14 Horizon Edition တို့ကို ကြေညာလာပြီဖြစ်သည်။ နှစ်မျိုးလုံးမှာ ၁၄ လက်မ ရုပ်ထွက်သုံးထားပြီး အလူမီနီယမ်ကိုယ်ထည် သုံးထားသည်။


ပုံမှန်ဗားရှင်းမှာ 10th Gen Intel Core i5-10210 CPU ပါဝင်ပြီး Intel UHD 620 ဗားရှင်း၊ Nvidia GeForce MX250 GPU ဗားရှင်းတို့နှင့် ရွေးချယ်နိုင်သည်။ နှစ်မျိုးလုံးမှာ 8GB LPDDR4 RAM ၊ 256/512GB SSDs တို့ ပါဝင်သည်။ Horizon ဗားရှင်းကို ပိုမြန်သည့် NVMe ဗားရှင်းနှင့်လည်း ရွေးချယ်နိုင်သည်။


Mi NoteBook 14 မော်ဒယ်နှစ်မျိုးလုံးမှာ FHD LCD Panels သုံးထားပြီး 16:9 Aspect Ratio သုံးထားကာ စတီရီယိုစပီကာများ ပါဝင်သည်။


USB 3.1 ပေါက် ၂ ခု ၊ HDMI ပေါက်နှင့် Type C ပေါက် ၁ ခုစီတို့ ပါဝင်သည်။ နားကြပ်ပေါက် ပါဝင်သလို Charging ပေါက်လည်း ပါဝင်သည်။ ဘက်ထရီ 46Wh ပါဝင်ပြီး ၁၀ နာရီအထိ အသုံးပြုနိုင်သည်။ 65W Charger ဖြင့် အားသွင်းနိုင်ကာ မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၅၀ ရာခိုင်နှုန်းအထိရရှိမည်ဖြစ်သည်။


Xiaomi က Mi Band တို့ဖြင့်လည်း လက်တော့ပ်ကို ဖွင့်နိုင်အောင် Mi Blaze Unlock ထည့်သွင်းထားသလို Xiaomi စမတ်ဖုန်းများနှင့် ဒေတာအပြောင်းအရွှေ့လုပ်မှုကို လျင်မြန်စွာ ပြုလုပ်နိုင်မည့် Mi Smart Share စနစ် ကိုလည်း ထည့်သွင်းထားသည်။


Mi NoteBook 14 ၏ 256GB ဗားရှင်းကို ၅၅၃ ဒေါ်လာ ၊ 512GB ဗားရှင်းကို ၅၉၃ ဒေါ်လာ သတ်မှတ်ထား သည်။ Nvidia GeForce MX250 ဗားရှင်းဈေးနှုန်းက ၆၃၃ ဒေါ်လာဖြစ်သည်။ Horizon Edition ၏ Core i5 ဗားရှင်းကို ၇၂၅ ဒေါ်လာနှင့် i7 ဗားရှင်းကို ၇၉၁ ဒေါ်လာ သတ်မှတ်ထားသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ