နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး

ရန်ကုန်    နိုဝင်ဘာ     ၅

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမြို့နယ်အဆင့်စစ်ဆေးရေးဆပ်ကော်မတီတို့ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယမန်နေ့၊ နံနက် ၉ နာရီက စစ်ဆေးရေးဆောင်ရွက်သည်။ 

ယင်းသို့ စစ်ဆေးရာတွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူယာဉ်များကို ခါးပတ်ပတ်ပြီးမောင်းနှင်ရန်၊ လမ်းမ ကြီးပေါ်တွင် ယာဉ်များအချိန်ကြာမြင့်စွာ ရပ်နားထားခြင်းများ မပြုလုပ်ရန်၊ လမ်းညွှန်အမှတ်အသားသင်္ကေတများလိုက်နာ ရန်၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်ဦးထုပ် ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက် တင်၍ မစီးရန်၊ လမ်းပြောင်းပြန် မစီးရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန်နှင့်ခြေကျင်လျှောက်သူများ လိုက်နာရန်နှင့် ရှောင်ကြဉ်ရန်အချက်များကို အသိပညာပေးပြောကြားပြီး ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများသယ်ဆောင်ခြင်း ရှိ/မရှိစစ်ဆေး ကြသည်။

စည်သူလင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ