နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး မသိုးသင်္ကန်းတော် ကပ်လှူပူဇော်ပွဲကျင်းပမည်

ဇလွန်   နိုဝင်ဘာ     ၅

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး  ၅၁ ကြိမ်မြောက် မသိုးသင်္ကန်းတော်ကပ်လှူပူဇော်ပွဲနှင့် တန် ဆောင်တိုင်မီးထွန်းပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်မှ လပြည့်ကျော် ၁ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညတွင် မသိုးသင်္ကန်းရက်ချုပ် ပြိုင်ပွဲကျင်းပပြုလုပ်မည်ဖြစ်ရာ ကိန္နရီစင်တော်၊ သမ္ဗူလစင်တော်၊ မယ်မဒီစင်တော်၊ အမရာစင်တော်တို့က ရက်လုပ်လှူဒါန်းသော မသိုးသင်္ကန်းတော်မြတ်အား တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၄ နာရီတွင် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးအား ဆက် ကပ်ပူဇော်၍ သစ်သီးကိုးမျိုး၊ မုန့်ကိုးမျိုး၊ ပန်းများနှင့်ဆွမ်းတော်ကြီး ကပ်လှူပူဇော်မည်ဖြစ်ပြီး လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲကြမည်ဖြစ်သည်။

ငွေသန်း(ဇလွန်)






အခြားဆက်စပ်သတင်းများ