နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၁၂


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၁ ရက်၊ ညနေ ၅ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ရွာမရပ်ကွက်၊ ရန်ကုန်-ပဲခူး လမ်းမဘေး၌ ဓားကိုင်သောင်းကျန်းနေသော အောင်ဇော်ဦးထံမှ အရိုးအသွား(၁)ပေကျော်ခန့်ရှိ ထိပ်ဦးချွန်ဓားရှည်တစ်ချောင်းကိုလည်းကောင်း၊ ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် (၅)ရပ်ကွက်၊ ဂျိုးဖြူပိုက်လိုင်း ပေါ်၌ ရန်နိုင်စိုးထံမှ အရိုးအသွား(၅)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ပုဂံလမ်းမပေါ်၌ ဇေယျာထွန်းထံမှ အရိုးအသွား (၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီခွဲအချိန်တွင် အောင်နိုင်ဝင်းထံမှ အရိုး အသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီအချိန်တွင် ဖုန်းမြတ်ဆွေထံမှ အရိုးအသွား (၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၁ နာရီခွဲ အချိန်တွင် သနပ်ပင်လမ်းဆုံ၌ မျိုးဇော်ထွန်းထံမှ အရိုးအသွား(၁၇)လက်မခွဲခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်း ကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူ ခဲ့ကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ