နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ်ရာသီကုန်တွင် ဂျူဗင်တပ်အသင်းက ဒီမာရီယာ ထွက်ခွာမည်

အောက်တိုဘာ  ၃၁

ပီအက်စ်ဂျီအသင်းမှ ဂျူဗင်တပ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့သည့် တောင်ပံကစားသမား ဒီမာရီယာသည် ယခုနှစ် ဘောလုံးရာသီကုန်တွင် အသင်းမှ ထွက်ခွာ၍ ကစားသမားဘဝ စတင်ခဲ့သည့် ရိုဆာရီရိုအသင်း သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဒီမာရီယာသည် ယခုနှစ် ဘောလုံးရာသီ ဂျူဗင်တပ်အသင်းတွင် ဒဏ်ရာ မကြာခဏရရှိနေသောကြောင့် ကမ္ဘာ့ဖလား ယှဉ်ပြိုင်ရမည့် အာဂျင်တီးနားအသင်းလူစာရင်းတွင် ရွေးချယ်ခံရရန် အခွင့်အရေး နည်းပါးနေသဖြင့် ဘောလုံးရာသီ ပြီးဆုံးချိန်တွင် ယင်း၏ ကစား သမားဘဝ စတင်ခဲ့သည့် မွေးရပ်မြေ အာဂျင်တီးနား ကလပ် ရိုဆာရီရိုအသင်းသို့ ပြောင်းရွှေ့၍ ကစား သမားဘဝအဆုံးသတ်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

ထို့ပြင် ဒီမာရီယာအနေဖြင့် လက်ရှိရရှိနေ သည့် တစ်နှစ်လုပ်ခလစာ ယူရို ၇ ဒသမ ၅ သန်းမှ လုပ်ခလစာ ၅၀ ရာခိုင်နှုန်း လျှော့ယူ၍ ရိုဆာရီရိုအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ထား သောကြောင့် လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် အာဂျင်တီးနားကလပ်သို့ ပြောင်းရွှေ့ နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ် သည်။

သူရိန်






အခြားဆက်စပ်သတင်းများ