နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဏ္ဏားကျွန်းမြို့၌ တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံရပြီး တပ်မတော်သား တစ်ဦးဖမ်းဆီးခံရ

ပုဏ္ဏားကျွန်း ဇွန် ၁၂


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ဇွန်  ၁၁ ရက် နံနက်ပိုင်းကဈေးလာဝယ်သော တပ်မတော်အရာရှိတစ်ဦးကို AA အဖွဲ့က ဓားဖြင့် ထိုးပြီး ၄င်းနှင့်အတူပါလာသောတပ်မတော်သားတစ်ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံများကပြောသည်။


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့မဈေး၌ ဇွန် ၁၁ ရက် နံနက်(၈)နာရီက ဈေးလာဝယ်သော တပ်မတော်အရာရှိတစ်ဦးသည် ဈေးအနီးလမ်းဆုံတွင် ဓားဖြင့်ထိုးပြီးတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရ သည်။


ဆိုင်ကယ်ဖြင့် ဈေးလာဝယ်ပြီးအပြန်တွင် ယခုကဲ့သို့ လုပ်ကြံခံရခြင်းဖြစ်ကြောင်းလုံခြုံရေးအရ အမည် မဖော်လိုသောဒေသခံမျက်မြင်တစ်ဦးကပြောသည်။

ဓားထိုးတိုက်ခိုက်မှုဖြစ်ပြီးနောက် (၁၅) မိနစ်ခန့်အကြာတွင် တပ်မတော်စစ်ကြောင်းတစ်ခုက အခင်း ဖြစ်ပွားသည့် နေရာအနီးတစ်ဝိုက်ကိုရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် မိုးပေါ်ကိုပစ်ခတ်ခြင်းကိုတွေ့ရ ကြောင်း ပြောသည်။


တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဈေးလာဝယ်သော တပ်မတော်အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦးကိုအရပ်ဝတ်များဝတ်ထားသည့် AA အဖွဲ့ဝင် ရှစ်ဦးကဝိုင်းဝန်းတိုက်ခိုက်ပြီးဓားဖြင့် ထိုးသွားခဲ့ခြင်းဖြစ်ကြောင်းပြောသည်။

“လက်ရှိမှာအဲဒီတပ်မတော်အရာရှိဟာသူ့တပ်ရင်းမှာဆေးကုသမှုခံယူနေရသလိုသူနဲ့အတူပါသွားတဲ့ စစ်သည်ကတော့ ပျောက်ဆုံးနေတယ်”ဟုပြောကြားခဲ့သည်။


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ