နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Android 10 အခြေပြု ColorOS 7 ကို OPPO F9 နှင့် F9 Pro တို့တွင်ရရှိ

ဇွန်  ၁၂


OPPO က စမတ်ဖုန်းများဖြစ်သည့် OPPO F9 နှင့် OPPO F9 Pro တို့တွင် Major OS Update ပေးလာပြီဖြစ်ပြီး Android 10 အခြေပြု ColorOS 7 Update ရရှိလာခြင်းဖြစ်သည်။


OPPO က ယခုအချိန်တွင် ဈေးကွက်အချို့၌သာ F9 နှင့် F9 Pro တို့ကို Update ပေးနေခြင်းဖြစ်ပြီး လာမည့် ရက်သတ္တပတ်များတွင် နိုင်ငံများစွာတို့မှ ဖုန်းများကို Update ပေးသွားမည်ဖြစ်သည်။


OPPO က လာမည့်ဇူလိုင်လတွင် OPPO A5(2020) နှင့် OPPO A9 (2020) တို့ကိုလည်း Android 10 အခြေပြု ColorOS 7 ပေးသွားမည်ဖြစ်သည်။ ထို့အပြင် OPPO F15 နှင့် R15 Pro တို့တွင်လည်း လာမည့်လမှာ ColorOS 7 ရရှိလာရန်ရှိနေသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ