နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၁၁

 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဇွန် ၁၀ ရက်၊  နံနက် ၁ နာရီ ၂၀ မိနစ်အချိန်တွင် (၉)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းမပေါ်၌ ခိုင်မျိုးမင်းထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်းနှင့် နေ့လယ် ၃ နာရီ ၅၀ မိနစ်အချိန်တွင် ဗထူးလမ်းဘေး၌ ကျော်ဇင်လင်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦး ချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် (၂)ရပ်ကွက်၊ သုဇိတာ (၈)လမ်းမပေါ်၌ ဓားကိုင်သောင်းကျန်းနေသော ကျော်သူထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦး ချွန်ဓားတစ်ချောင်းနှင့် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် (ဈ)ရပ်ကွက်၊ စက္ကဝက်(၂)လမ်းမပေါ်၌ ဓားကိုင် သောင်းကျန်းနေသော မင်းစိုးထံမှ အရိုးအသွား(၁၀၁)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊

အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဇွန် ၁၀ ရက်၊ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်တွင် ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်လမ်းမပေါ်၌ ညီညီဆန်းထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နံနက် ၄ နာရီခွဲအချိန်တွင် (၇၀)ရပ်ကွက်၊ အဏိစည်သူလမ်းပေါ်၌ အောင်ထက်ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ အမှတ်(၂)လမ်းမပေါ်၌ ဝင်းဇော်ထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် မွန်းလွဲ ၂ နာရီအချိန်တွင် (၁၀၆)ရပ်ကွက်၊ ကေတုမတီလမ်းမပေါ်၌ ဌေးလှိုင်ထံမှ အရိုးအသွား(၁၀)လက်မ ခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီခွဲအချိန်တွင် သာဓုအနောက်ရပ်ကွက်၊ ပြည်လုံးချမ်းသာဘုရားအနီး၌ လင်းလင်းအောင်ထံမှ အရိုအသွား(၇)လက်မခန့်ရှိ စကေဘာတစ် ချောင်းကိုလည်းကောင်း၊ လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် သီရိမင်္ဂလာဈေး၊ စည်ပင်ရုံးရှေ့၌ အောင်ဇော်ထွန်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ