နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

နေပြည်တော် ဇွန် ၁၁ ရက်


ဇွန် ၉ ရက်၊ နေ့လယ် ၃ နာရီခွဲအချိန်ခန့်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာအုပ်စု၊ သဲကျွန်းကျေးရွာရှိ ပိုင်ရှင် ဦးဝင်းထွန်းအောင်၏ (၃၀x၂၀)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်တွင် ရေခဲသေတ္တာသွယ်တန်းထားသော SAFEGUARD မှ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပျဉ်းမနားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။


 အဆိုပါမီးလောင်မှုကြောင့် (၃၀x၂၀)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်(၁)လုံးနှင့် (၁၅x၁၅)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဦးဝင်းထွန်းအောင် အား ရွာကောက်နယ်မြေရဲစခန်း(ပ)၁၅၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အလားတူ ဇွန် ၉ ရက်၊ နံနက် ၈ နာရီခွဲအချိန်ခန့်၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အိုင့်ကျယ်ကျေးရွာအုပ်စု၊ အိုင့်ကျယ်ကျေးရွာရှိ အိမ်ရှင် ဒေါ် ----- ၏ (၃၀x၄၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း လူနေအိမ်တွင် အိမ်ရှင် ဒေါ် --------- သည် မိမိကိုယ်ကို ဒီဇယ်ဆီလောင်းပြီးမီးရှို့ရာမှ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ဘုရားတောင်နယ်မြေ(အမြန်လမ်း)မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။


 အဆိုပါမီးလောင်မှုကြောင့် အိမ်ရှင် ဒေါ် ----------(သေဆုံး)၏ လူနေအိမ်(၁)လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး တပ်ကုန်းမြို့မရဲစခန်း(ပ)၁၈၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ