နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ကော်ဖီ နှစ်စဉ်တန်ချိန် ၈၀၀၀ ကျော် ထုတ်လုပ်

ရန်ကုန်  အောက်တိုဘာ ၁၀

မြန်မာ့ကော်ဖီကို ပြည်တွင်းပြည်ပက အရောင်းအဝယ်သွက် လာပြီး ဈေးကောင်းရလာသဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတိုးချဲ့            လာကြရာ ပြီးခဲ့သည့်နှစ်များကထက် ၁၀ ရာခိုင်နှုန်းနီးပါးတိုးမြှင့် စိုက်ပျိုးလာကြကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ကော်ဖီမှာ အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဒူဘိုင်း၊ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ဂျာမနီအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ဈေးကွက် ရရှိထားကြောင်း သိရသည် ။

ကိုဗစ်ကပ်ရောဂါကြောင့် ကော်ဖီဝယ်လိုအားကျဆင်းခဲ့သော် လည်း၊ ယခုနှစ်တွင် ပြည်တွင်းပြည်ပဝယ်လိုအားမြင့်တက်လာ၍ ပြည်ပနိုင်ငံများသို့ အာရေဗီးကားကော်ဖီများကို အဓိကထား  တင်ပို့ပြီး ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အာရေ ဗီးကားကော်ဖီအမျိုးအစားဖြစ်သည်။ ကော်ဖီကို ရှမ်းပြည်နယ်နှင့် မန္တ‌လေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်ကြသည်။

မြန်မာနိုင်ငံတွင် ရိုဘက်စတာအပါအဝင် အခြားကော်ဖီအမျိုး အစားများပါစိုက်ပျိုးထုတ်လုပ်ပြီး ကော်ဖီစိုက်ဧကပေါင်း ၄၉,၀၀၀ ခန့်ရှိကာ တစ်နှစ်လျှင် ကော်ဖီတန်ချိန် ၈၀၀၀ ကျော်ထုတ်လုပ် လျက်ရှိကြောင်း သိရသည်။                                

CN - 033






အခြားဆက်စပ်သတင်းများ