နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တွံတေးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်  အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ဆံတော်ခြောက် ဆူကိန်းဝပ်တော်မူသော သမိုင်း ဝင်ရွှေဆံတော်စေတီတော်မြတ် ကြီးတွင် ၁၃၈၄ ခုနှစ်သီတင်း ကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) နံနက် ၉ နာရီက မြို့ပေါ်ရှစ်ရပ်ကွက်ရှိ ဘာသာ ရေးဝတ်အသင်းများက အဘိ ဓမ္မာဒေသနာတော်များ ရွတ် ဖတ်ပူဇော်ခြင်း၊ အမေး၊ အဖြေ ကဏ္ဍဆောင်ရွက်ကြပြီး မွန်းတည့် ၁၂ နာရီအချိန်တွင် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို တွံတေး ခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် ရွှေဆံတော် ဂေါပကအဖွဲ့တို့က ကြီးမှူး၍  မြို့နယ်အတွင်းရှိ အရုဏ်ဆွမ်း ကြွသော ဘုန်းတော်ကြီးကျောင်း ၇၅ ကျောင်းက သံဃာ့တော် အရှင်သူမြတ်အပါး ၁၀၀၀ကျော် တို့အားဌာနဆိုင်ရာများ၊ မြို့ပေါ် ရှစ်ရပ်ကွက်နှင့် ကျေးရွာများမှ စေတနာရှင်ပြည်သူများက ဆွမ်း ဆန်စိမ်းလောင်းလှူခြင်းဖြင့်  သီတင်းကျွတ်လပြည့်နေ့တွင် ကုသိုလ်ဒါနပြုကြသူများ၊ဘုရား ဖူးပြည်သူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

တွံတေးသား






အခြားဆက်စပ်သတင်းများ