နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်အဖိတ်နေ့၌ ဘုရားဖူးများ စည်ကား

ကျိုက်ထို  အောက်တိုဘာ ၁၀

မွန်ပြည်နယ်၊ ကျိုက်ထို ခရိုင်၊ ကျိုက်ထိုမြို့နယ်၌တည်ရှိ သည့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓ ဘိသေကအနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို သီတင်းကျွတ် လပြည့်နေ့ ‌အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် စည်ကား သိုက်မြိုက်စွာကျင်းပရာ အနယ် နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ များ ဖွင့်ပွဲမင်္ဂလာအခမ်းအနား သို့တက်ရောက်၍ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အား ဖူးမြော်ကြည်ညိုနိုင်ရန် အောက် တိုဘာ ၈ ရက် (သီတင်းကျွတ် အဖိတ်နေ့) နံနက်ပိုင်းကစတင်၍ မိသားစုအလိုက်လည်းကောင်း အသင်းအဖွဲ့အလိုက်လည်းကောင်း စုပေါင်း၍ ဘုရားဖူးလာရောက် ကြသည်။

အဆိုပါ ဘုရားလာရောက် ဖူးမြှော်ကြသော ပြည်သူများ စိတ်အေးချမ်းသာစွာဘုရားဖူး မျှော်နိုင်ရန်နှင့် တည်းခိုနေထိုင် နိုင်ရေးအတွက် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့က စီစဉ် ဆောင်ရွက်ပေးထားသည်။

ဝင်းမောင်(ကျိုက်ထို)






အခြားဆက်စပ်သတင်းများ