နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ထိတွေ့မှု ခြေရာခံမည့် App ကို စင်ကာပူတွင်တီထွင်

ဇွန် ၁၁


ကိုရိုနာဗိုင်းရပ်စ်ထိတွေ့မှု ခြေရာခံရာတွင် အကူအညီဖြစ်စေရန် သွားလေရာသယ်ယူသွားနိုင်မည့် ဝတ်ဆင်နိုင်သည့် ပစ္စည်းတစ်မျိုးဖြန့်ချိနိုင်ရန် စီစဉ်နေကြောင်း  စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် သောကြာနေ့က ပြောကြားခဲ့သည်။


"ကျွန်တော်တို့ တီထွင်နေပါတယ်။ မကြာခင် portable wearable ထုတ်ကုန်တစ်ခု ဖြန့်ချိသွားဖို့ ရှိပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘယ်လာကရစ်ရှန်က ပါလီမန်ကို ပြောပါတယ်။ "ဒီနည်းက လူတွေ ပိုမိုပါဝင်လာနိုင်ပြီး ကျွန်တော်တို့ အားလုံးကို ကာကွယ်မှုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ တကယ်လို့ ဒီ portable ထုတ်ကုန်သာ အလုပ်ဖြစ်မယ်ဆိုရင် စင်ကာပူမှာ ရှိတဲ့ လူတိုင်းကို ဖြန့်ဖြူးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့လက Sky News Australia နဲ့ တွေ့ဆုံခန်းမှာ ဘယ်လာကရစ်ရှန်က ဒီထုတ်ကုန်ဟာ ဘက်ထရီသုံး ထုတ်ကုန်ဖြစ်ပြီး လက်မှာ ဝတ်ဆင်နိုင်သလို လက်ကိုင်အိတ်ထဲမှာလည်း ထည့်ထားလို့ ရမှာ ဖြစ်တယ်”ဟု  ပြောခဲ့သည်။


စင်ကာပူအစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ခြေရာခံရန်အတွက် TraceTogether  အက်ပလီကေးရှင်းတစ်ခုကို ရေးဆွဲထားပြီး Apple ထုတ်ကုန်များတွင် Bluetooth ချိတ်ဆက်မှုကို ရပ်ဆိုင်းထားသောကြောင့် Trace Together app သည် iOS နှင့် Apple ထုတ်ကုန်များတွင် အလုပ်မလုပ်သည့်ပြဿနာရှိနေပြီး ထိုပြဿနာကို ဖြေရှင်းနိုင်ရန် Apple နှင့် ဆွေးနွေးနေကြောင်း သိရသည်။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရာတွင် လူအချင်းချင်း ခပ်ခွာခွာနေရန်အတွက် စင်ကာပူနိုင်ငံက ပန်းခြံများတွင် Boston Dynamics ထုတ် ခွေးစက်ရုပ်များအသုံးပြုပြီး သတိပေးလျက်ရှိသည်။


(WP)






အခြားဆက်စပ်သတင်းများ