နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Huawei က စမတ်ဖုန်းသစ်ဖြစ်သည့် P Smart S ကို ကြေညာ

ဇွန် ၁၁


Huawei က P စီးရီး စမတ်ဖုန်းသစ်တစ်လုံးဖြစ်သည့် Huawei P Smart S ကို ကြေညာလာသည်။ အဆိုပါ ဖုန်းမှာ မျက်နှာပြင် ၆ ဒသမ ၃ လက်မ OLED Full HD+ Resolution သုံးထားပြီး In-Display Fingerprint Scanner ပါဝင်သည်။


ဓာတ်ပုံရိုက်ကူးမှုအတွက် ကင်မရာလေးလုံး ပါဝင်သည်။ ရှေ့ကင်မရာက 16MP ဖြစ်ပြီး ကျောဘက်ကင်မရာ သုံးလုံးက 48MP + 8MP Ultrawide (120-Degree FOV) + 2MP Depth တို့ဖြစ်သည်။ ဘက်ထရီ 4000 mAh ပါဝင်ကာ USB Type C မှတဆင့် 10W ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။ အဆိုပါဖုန်းမှာ Wi-Fi 802.11a/b/g/n/ ac ၊ Bluetooth 5.0 ၊ နားကြပ်ပေါက်နှင့် NFC စနစ်တို့ ပါဝင်သည်။


Huawei P Smart S ကို Kirin 710F SoC နှင့် ပါဝါထောက်ပံ့ထားကာ RAM4GB နှင့် Storage 128GB ပါဝင်သည်။ Android 10 အခြေပြု EMUI 10.1 ပါဝင်ပြီး Google Mobile Service မပါဝင်ပေ။ Huawei Mobile Service နှင့် App Gallery တို့ ပါဝင်သည်။
Huawei P Smart S ကို Breathing Crystal နှင့် Midnight Black အရောင်တို့ကို ရွေးချယ်နိုင်ပြီး ဈေးနှုန်း အနေဖြင့် ဒေါ်လာ ၂၉၀ သတ်မှတ်ထားသည်။                                                                           

 

(သူရိန်)






အခြားဆက်စပ်သတင်းများ