နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖျာပုံမြို့၌ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် သုံးဦးကို ထောင်ဒဏ်တစ်နှစ်စီချမှတ်

ဖျာပုံ     ဇွန်   ၁၁


နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅ (က) ဖြင့် တရားစွဲဆိုခြင်းခံထားရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့်ကိုပိုင်ဖြိုးမင်းတို့ကို ဖျာပုံမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်နှစ်စီ ဇွန် ၁၀ ရက်နေ့က အမိန့်ချမှတ်လိုက်ကြောင်း ကိုပိုင်ရဲသူညီဖြစ်သူ ကိုငြိမ်းချမ်းသူက ပြောသည်။


ဖျာပုံမြို့နယ်တရားရုံးတွင် ဇွန် ၉ ရက်က စတင်စစ်ဆေးပြီးဇွန်လ(၁၀)ရက်နေ့ကအမိန့်ချလိုက်ခြင်းဖြစ် ကြောင်း၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များက ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလကသံချပ်ထိုးဖျော်ဖြေခဲ့ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးတွင် ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် ဖျာပုံမြို့နယ်၌ ပထမဆုံးဖြစ်ကြောင်း သိရသည်။


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်နှင့် ဒေးဒရဲမြို့နယ်တို့တွင် တပ်မတော်ကနိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်းသည် ကျန်နေသေးကြောင်းပုသိမ်မြို့နယ်၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကတရားစွဲဆိုထားခြင်းလည်း ကျန်ရှိနေပါသေးကြောင်း သိရသည်။


ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ သံချပ်ထိုးခြင်းနှင့် ပတ်သက်ပြီးတရားစွဲဆိုထားသောအမှု ၈ မှုရှိပြီး အဆိုပါ အတွင်းမှ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် နှစ်မှု၊ ဗိုလ်တထောင်မြို့နယ်၌ နှစ်မှု အမိန့်ချမှတ်ပြီးဖြစ် ကြောင်း သိရသည်။


အဆိုပါ တရားစွဲခံရသည့် အမှုများအတွင်းမှ ငါးမှုကိုအမိန့်ချမှတ်အပြီးတွင် ကိုပိုင်ဖြိုးမင်းက ထောင်ဒဏ် လေးနှစ်၊ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူတို့ကထောင်ဒဏ် သုံးနှစ်ခွဲစီ၊ မကေခိုင်ထွန်းကအမှုသုံးမှုအတွက် ထောင်ဒဏ် နှစ်နှစ်ခွဲ၊ ကိုဖိုးသားနှင့် မဆုရတနာ မြင့်တို့ကအမှု သုံးမှု၌ထောင်ဒဏ် နှစ်နှစ်စီချမှတ်ခံထားရကြောင်း သိရသည်။


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ