နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြဝတီမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးအနီး ဗုံးပေါက်ကွဲ

မြဝတီ    ဇွန်   ၁၁


မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမ ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနီးရှိ မောင်းနှင်သွားလာနေသည့် Surf  အမျိုးအစား အပြာရောင် မော်တော်ယာဉ် တစ်စီးအား ဗုံးစထိမှန်၍ ယာဉ်ပေါ်ပါ သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇွန် ၁၀ ရက်၊ ည ၉နာရီ ခန့်တွင် မြဝတီမြို့ အမှတ်(၄) ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ဘေးအမှတ်(၇၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အမှတ် (၉၇) ခြေလျင်တပ်ရင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ဆန်းဝင်း ဦးစီးအဖွဲ့၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန် ဒွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေး၊ စခန်းမှူးဒုရဲမှူး အောင်ကျော်ဦး၊ န/ထ (အရာရှိ) ဒုရဲအုပ်မင်းမင်းထွန်း ဦးစီးအဖွဲ့၊စရဖစု(၂)စုမှူး ဗိုလ်ကြီးကျော်စိုးထက် ဦးစီးအဖွဲ့၊ အမှတ်(၁ဝ၂၂) နယ်ခြားစောင့် တပ်ဖွဲ့တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန် ဦးစီးအဖွဲ့၊ နယ်ခြားစောင့်တပ် ဗိုလ်မှူးအဆင့်ရှိ နိုင်မောင်ဇော် ဦးစီးအဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ရာ ဘုရင့်နောင်လမ်း ဘေးတွင် ရပ်ထားသည့် သုံးဘီးဆိုင်ကယ်ယာဉ်အမှတ် ၅ဟ/ ----(အပြာရောင်) ယာဉ်အောက်တွင် ဗုံးသီးအဟောင်းအား ဒီတိုနီတာတပ်ဆင်၍ ချိန်ကိုက်မိုင်းပုံစံ အသုံးပြု၍ ဖောက်ခွဲခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ကတ္တရာလမ်းခြောက်လက်မပတ်လည်၊ အနက် သုည ဒသမ ငါး လက်မခန့်၊ သုံးဘီးဆိုင်ကယ် နောက်တွဲကြမ်းခင်း၌ ဗုံးစထိမှန်၍ အပေါက်ငါးပေါက်ခန့်၊ ဆိုင်ကယ်ယာဉ် မောင်းထိုင်ခုံအောက်ရှိ ဆီတိုင်ကီနှင့် ဝိုင်ယာထုပ်များ လွင့်စဉ်သွားခဲ့ပြီး ဆန့်ကျင် ဘက်ယာဉ်ကြောအတိုင်း မြဝတီမြို့ပြင် ဘက်မှ မြို့တွင်းသို့ မောင်းနှင်လာသည့်  ယာဉ်အမှတ်RLG--- Surf(အပြာရောင်) ယာဉ်အား ဝဲဘက်ခြမ်းရှေ့တံခါး ဗုံးစလွင့်စဉ်၍ နှစ်ချက်ထိမှန်ခဲ့ကြောင်း၊ အဆိုပါ ဗုံးသီးစသည် တံခါးအားဖောက်ဝင်ကာ ဦးပညာဝံသ၏ ဝဲဘက်ခြေသလုံး ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ သည်။ လူ့အသက်အန္တရာယ်ဖြစ်စေရန် ပေါက်ကွဲစေတတ်သောပစ္စည်းအား ဖောက် ခွဲ၍ ပစ္စည်းဆုံးရှုံးမှုဖြစ်ပွားကာ ဒဏ်ရာရရှိအောင်ပြုလုပ်သူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဒုရဲအုပ် မင်းမင်းထွန်း က တရားလိုပြုလုပ်တိုင်တန်းပြီး ဇွန် ၁၁ ရက်၊ နံနက် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မြဝတီမြို့မ ရဲစခန်း၏ (ပ)၄၁၃/၂ဝ၂ဝ၊ ပေါက်ကွဲ-၃ ဖြင့် အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   


မိုးခါး






အခြားဆက်စပ်သတင်းများ