နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာရေးဆောင်ရွက်

ရန်ကုန်  အောက်တိုဘာ  ၄

ပုဇွန်တောင်မြို့နယ် စည်ပင် သာယာအုပ်ချုပ်ရေးမှူး၏ ကြီး ကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ် အတွင်း သန့်ရှင်းသာယာသပ်ရပ် ရေးကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းက လက်ထောက် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးစီး၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် တွဲဖက် ဌာနများမှ ဝန်ထမ်းများ ပူးပေါင်း အင်အား ၃၀ ဦးသည် ၂ ရပ်ကွက်၊ ၅၆ လမ်းတို ရေမြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ၉ ရပ် ကွက်၊ မြောင်းကြီးလမ်းတစ် လျှောက် စည်းကမ်းမဲ့ စွန့်ပစ် ထားသော အမှိုက်များနှင့် သစ်ရွက်ကြွေများ ရှင်းလင်း သိမ်းဆည်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ မြောင်းချေးများ သယ်ယူစွန့်ပစ်ခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ