နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓာတ်ငွေ့ဖြန့်ဖြူးရေး စက်ရုံသစ်ကို ဂျာမနီ တည်ဆောက်

ဘာလင်၊ အောက်တိုဘာ ၃ 

ဂျာမနီနိုင်ငံအတွင်း ဓာတ်ငွေ့ရည် များကို ဖြန့်ဝေရန်အတွက် ဓာတ်ငွေ့ ထိန်းသိမ်း ဖြန့်ဖြူးရေးစက်ရုံကိုယခု လအတွင်း နိုင်ငံ၏ မြောက်ပိုင်းပင်လယ် ကမ်းရိုးတန်း၌ တည်ဆောက်လိုက်ပြီ ဖြစ်သည်။ 

ရုရှားက တင်သွင်းခဲ့သည့် ဓာတ်ငွေ့ ပမာဏ၏ ၂၀ ရာခိုင်နှုန်းနှင့် ညီမျှသော ဓာတ်ငွေ့ပမာဏကို အဆိုပါ စက်ရုံမှ တစ်ဆင့် ယခုလာမည့် ဆောင်းရာသီတွင် စတင်ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။

ရုရှားက ယူကရိန်းကို စတင်ကျူး ကျော်ခဲ့ချိန်ကစပြီး ရုရှားအစိုးရဘက်က ဂျာမနီနိုင်ငံသို့ ဓာတ်ငွေ့ တင်ပို့နေခြင်းကို ကန့်သတ်ထိန်းချုပ်လာပြီး တချိန်တည်း မှာပင် ဥရောပသို့ ဓာတ်ငွေ့တင်ပို့နေသည့် Nord Stream ပိုက်လိုင်းများလည်းထိ ခိုက်ပျက်စီးလျက်ရှိသည်။

ဂျာမနီအစိုးရသည် ဓာတ်ငွေ့များကို အခြားနည်းလမ်းဖြင့် တင်သွင်းနိုင်ရန် အတွက် စီမံကိန်း ငါးခု တည်ဆောက်ရန် ဒေါ်လာဘီယံချီ သုံးစွဲထားပြီး အဆိုပါ စီမံကိန်း ငါးခုမှ တစ်နှစ်လျှင် ဓာတ်ငွေ့ ပမာဏ စုစုပေါင်း ၂၅ ဘီလျံ ကုဗမီတာ သိုလှောင် ဖြန့်ဖြူးသွားနိုင်မည်ဖြစ် သည်။  ရဲခေါင် (ref: AFP)






အခြားဆက်စပ်သတင်းများ