နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖလော်ရီဒါတွင် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ရှိနိုင်

ဖလော်ရီဒါ၊ အောက်တိုဘာ ၃ 

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ခတ်သွားသည့် ဟာရီကိန်းမုန်တိုင်း Ian ကြောင့် လူပေါင်း ၃၀ ဦးခန့် သေဆုံး သွားပြီး ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်အထိ ပျက်စီးဆုံးရှုံးသွားကြောင်း အာဏာပိုင်များက အောက်တိုဘာ ၂ ရက်တွင် အတည်ပြု ပြောကြားသည်။

မုန်တိုင်းကြောင့် မီးပြတ်နေချိန် အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့သူများလည်း ရှိပြီး ဟာရီကိန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ခန့်ရှိနိုင်ကြောင်း Karen Clark & Co ကုမ္ပဏီက ခန့်မှန်း တွက်ချက်ထားသည်။ ဟာရီကိန်းမုန်တိုင်း Ian ကြောင့် ဖလော်ရီဒါတွင် မုန်တိုင်းတိုက်ခတ်ပြီး တစ်ရက်အကြာတွင် ပြည်နယ်အတွင်းရှိ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းပေါင်း နှစ်သန်းကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း ဖလော်ရီဒါတာဝန်ရှိသူများက ပြောသည်။

အဆိုပါမုန်တိုင်းသည် ဖလော်ရီဒါတစ်လျှောက် ရေကြီးရေလျှံမှုများ၊ ဓာတ် အားလိုင်းများ ပြတ်တောက်ခြင်းနှင့် နေရာအနှံ့ပျက်စီးမှုများ ဖြစ်ပွားပြီးနောက် မုန်တိုင်းပြန်လည်အားကောင်းလာကာ ကာရိုလိုင်းနားပြည်နယ်ကို ဦးတည်ရွေ့ လျားသွားခြင်းကြောင့် ပြည်နယ်ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက် ပိတ်မိနေ သူများထံ အရေးပေါ်တပ်ဖွဲ့ဝင်များက သွားရောက်ရန် ကြိုးပမ်းလျက်ရှိသည်။ ကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း အဆိုပါမုန်တိုင်းသည် အသေအပျောက်အများ ဆုံးဖြစ်နိုင်ကြောင်း ပြောကြားထားသည်။               ရဲခေါင် (ref: AFP)






အခြားဆက်စပ်သတင်းများ